Connect with us

မြန်မာ-中文

ကိုဗစ်ကပ်ရောဂါ အဆုံးသတ်ရန်အလှမ်းဝေးနေ၊ မျိုးရိုးဗီဇာပြောင်း ဗိုင်းရပ်စ်သစ်များ ပေါ်ထွက်လာနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပြောကြား

ဂျီနီဗာ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘာတစ်ဝန်း၌ အသစ်ထပ်တိုးသော ကိုဗစ်အတည်ပြုလူနာ ဦးရေ ၁၈ သန်းရှိခဲ့ပြီး အချို့နိုင်ငံများတွင် ထပ်တိုးလူနာဦးရေသည် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအဆုံးသတ်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇန်နဝါရီ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း တစ်ဟုန်တိုး ပြန့်ပွားလာမှုနှင့်အတူ ဗီဇပြောင်း ဗိုင်းရပ်စ်သစ်များ ပေါ်ထွက်လာနိုင်ကြောင်း ဆိုသည်။လက်ရှိတွင် နိုင်ငံနှင့်ဒေသပေါင်း ၁၈၀ က အစီရင်ခံသည့် ဗိုင်းရပ်စ်မျိုးရိုးဗီဇအစီအစဉ်ပေါင်း ၇ သန်းကျော်ရှိရာ ယခုအခါ အိုမီခရွန်စသည့် ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားနှင့် ကိုရိုနာဗိုင်းရပ်စ်ပြောင်းလဲမှုဖြစ်စဉ်ကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

#WHO, #COVID-19, #Omicron, #Variant, #xinhua, #xinhuamyanmar, #ကမ္ဘာ့ကျန်းမာရေး, #ကိုဗစ်-၁၉, #ကိုရိုနာဗိုင်းရပ်စ်, #ဗီဇပြောင်း, #ဆင်ဟွာ
……………………………………..

(Chinese Version)

世卫:新冠肺炎大流行远未结束 或有新的变异株

2022-01-19 07:31:13浏览量:57.9万 来源:央视新闻客户端
当地时间1月18日,世卫组织举行新冠肺炎疫情例行发布会,世卫组织总干事谭德塞表示,上周全球新增新冠肺炎确诊病例超过1800万例,一些国家的新增确诊病例数量仿佛已达到峰值,但新冠肺炎大流行还远未结束,随着奥密克戎毒株在全球范围内迅速传播,可能会出现新的变异株。目前,已有180个国家和地区上报超过700万个病毒基因序列,现在已能实时追踪奥密克戎毒株等变异株及新冠病毒演变进程。(记者 朱赫)
编辑:魏弘毅
图说1: 这是2021年4月16日,佩戴口罩的行人从德国首都柏林一处新冠测试中心的招贴画旁走过。 新华社发(斯特凡•蔡茨摄)