Connect with us

Media

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၈ ဦးရှိ

နယူးဒေလီ ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူအသစ် ၁၀၅ ဦး ရှိခဲ့ရာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းအရေအတွက် ၃၄၈ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသန္တရအစိုးရက ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပမာဏသည် ယခင်သီတင်းပတ် နှစ်ပတ် ၊ သုံးပတ်နှင့်နှိုင်းယှဉ်ပါက ပြီးခဲ့သော သီတင်းပတ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း ဒေလီမြူနီစီပယ်ကော်ပိုရေးရှင်း(MCD)က ထုတ်ပြန်သည့် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

…………………………..
(English Version)
India’s capital records 348 dengue cases this year
As many as 105 new dengue cases have been recorded in India’s capital Delhi over the past week, taking the total number of infections to 348 so far this year, the local government said on Monday.
The incidence of dengue cases almost doubled over the past week as compared to the preceding two to three weeks, according to the latest report on the mosquito-borne disease issued by the Municipal Corporation of Delhi (MCD).
Xinhua News Agency correspondents reporting from New Delhi.(XHTV)