Connect with us

Social, Education & Health

ဟောင်ကောင်တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခု ထားရှိမည်

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုဌာန အတွင်းရေးမှူး Patrick Nip (ယာဘက် တတိယမြောက်) နှင့် စားနပ်ရိက္ခာနှင့် ကျန်းမာရေးဌာန အတွင်းရေးမှူး Sophia Chan (ဝဲဘက် တတိယမြောက်) တို့အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခုကို ထားရှိသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှစတင်မည့် လူအများအပြား ရောဂါစမ်းသပ်ရေးအစီအစဉ်အတွက် အသုံးပြုသွားမည်ဟု HKSAR အစိုးရက ဩဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ 

ဟောင်ကောင်တစ်ဝန်း၌ ထားရှိမည့် အဆိုပါစင်တာများကို နံနက် ၈:၀၀ နာရီမှ ည ၈:၀၀ နာရီအထိ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း၊ နမူနာများကို စစ်ဆေးရန် ဓာတ်ခွဲခန်းများသို့ တိုက်ရိုက်ပို့ဆောင်သွားမည်ဖြစ်ကာ ရောဂါစစ်ဆေးမှုအတွက် စေတနာအလျောက် ပါဝင်သူများ၏ အတွင်းရေးကို ကာကွယ်ပေးထားမည် ဖြစ်ကြောင်း HKSAR အစိုးရ၏ ပြည်သူ့ဝန်ဆောင်မှုဌာန အတွင်းရေးမှူး Patrick Nip က ပြောကြားခဲ့သည်။ 

ထို့ပြင် ရောဂါဖြစ်ပွားနိုင်ခြေအများဆုံးအုပ်စုဝင်များ၏ နမူနာ ၄၂၀,၀၀၀ ခု ကို စစ်ဆေးခဲ့ပြီး ၈၃ ခုတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း HKSAR အစိုးရ စားနပ်ရိက္ခာနှင့် ကျန်းမာရေးဌာန အတွင်းရေးမှူး Sophia Chan က ပြောခဲ့သည်။ 

ဒေသခံများအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကွင်းဆက်ကို ရှာဖွေဖြတ်တောက်ရန်အတွက် ရောဂါရှာဖွေစစ်ဆေးရေး အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ရန်နှင့် လက္ခဏာမပြသော COVID-19 အသံတိတ်သယ်ဆောင်သူများကို ဆောလျင်စွာ ရှာဖွေဖော်ထုတ်ရေး၌ ကူညီကြရန် Nip က တိုက်တွန်းခဲ့သည်။  (Xinhua)