Connect with us

Social, Education & Health

တရုတ်နိုင်ငံက အလုပ်ခွင်ရှိ လူငယ်အများစု ဘွဲ့ရပြီးနောက် လေ့လာမှုများ ဆက်လက်ပြုလုပ်ကြဟု စစ်တမ်းကဖော်ပြနေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် အလုပ်အကိုင်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ အလုပ်လုပ်ကိုင်လျက်ရှိသော လူငယ်များ၏ ၉၄.၅ ရာခိုင်နှုန်းခန့်သည် ဘွဲ့ရရှိပြီးနောက် လေ့လာမှုများ ဆက်လက်ပြုလုပ်သည့်အလေ့အကျင့်ကို ဆက်လက်ထိန်းထားလျက်ရှိကြောင်း China Youth Daily က မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုအရ သိရသည်။

ပုံမှန်ပညာရေးပြီးဆုံးပြီးနောက် ဆက်လက် လေ့လာသင်ယူမှုတွင် အမျိုးသားများက အမျိုးသမီးများထက် ပို၍များပြားကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ လေ့လာမှုတွင်ပါဝင်သည့် အမျိုးသားလူငယ်ထု၏ ၉၅.၃ ရာခိုင်နှုန်းက ပုံမှန်ပညာရေးပြီးဆုံးပြီးနောက် ၎င်းတို့၏ ဗဟုသုတကို တိုးမြှင့်ရန် ဆက်လက်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

စစ်တမ်းဖြေဆိုသူ ၆၄.၉ရာခိုင်နှုန်းက အွန်လိုင်းသင်ကြားမှုများ ရယူခြင်း သို့မဟုတ် မိမိနှစ်သက်ရာ အရည်အသွေးမြင့် ပညာရပ်များအား အပလီကေးရှင်းနှင့် အွန်လိုင်းပလက်ဖောင်းများမှ ဝယ်ယူသင်ကြားခြင်းများ လုပ်ဆောင်ခဲ့ကြပြီး ၆၃.၅ ရာခိုင်နှုန်းက မိမိဘာသာစာဖတ်ဖို့လုပ်ဆောင်ကြကာ ၆၀.၇ ရာခိုင်နှုန်းမှာမူ အသက်မွေးဝမ်းကျောင်း အသိအမှတ်ပြုလက်မှတ်များရရှိရန် လုပ်ဆောင်ကြသည်ဟု အချက်အလက်များက ဖော်ပြထားသည်။

လေ့လာမှုစစ်တမ်းတွင် ဖြေဆိုသူ ၉၇ ရာခိုင်နှုန်းက တစ်သက်တာလေ့လာမှု အယူအဆအား လက်ခံပြီး ၉၇.၆ ရာခိုင်နှုန်းက တစ်ကိုယ်ရေတိုးတက်မှုအတွက် အရေးကြီးသည်ဟု အသိအမှတ်ပြုကြသည်။
အကျိုးကျေးဇူးများစွာ ရှိသည့်အနက် တစ်သက်တာလေ့လာမှုက အခွင့်အလမ်းများနှင့် တစ်ကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိစေပြီး အလုပ်ခွင်တွင် မြင့်မားသောအရည်အချင်းများ တိုးတက်စေကာ လေ့လာသင်ယူသူများကို ခေတ်နှင့်အမီလိုက်နိုင်စေကြောင်း စစ်တမ်းဖြေဆိုသူများ၏ အဆိုအရ သိရသည်။

အဆိုပါ လေ့လာမှုစစ်တမ်းသည် အလုပ်ခွင်ရှိ တရုတ်နိုင်ငံသား လူငယ် ၁,၉၆၆ ဦးကို လေ့လာစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းဖြေဆိုသူများတွင် အမျိုးသား ၅၂.၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၇.၁ ရာခိုင်နှုန်ပါဝင်ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117