Connect with us

Social, Education & Health

တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေး ပြည်သူ ၁၄ ဒသမ ၅၅ သန်းကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ရွေ့လျားကာကွယ်ဆေးထိုးနှံပေးသည့် ယာဉ်တစ်စီးပေါ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဒေသခံတစ်ဦးအား ဧပြီ ၁၁ ရက်တွင် ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် မေ ၁ ရက်အထိ ပြည်သူ ၁၄ ဒသမ ၅၅ သန်းကျော်သည် ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ပေကျင်းမြူနီစပယ် ကျန်းမာရေးကော်မရှင်ထံမှ သိရသည်။

ပေကျင်းမြို့၌ မေ ၁ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၂၅ ဒသမ ၀၃ သန်းခန့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံတစ်ဝှမ်း မေ ၁ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံမှုပေါင်း ၂၇၀ ဒသမ ၄ သန်းကျော် ပြုလုပ်ထားပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်ထံမှ သိရသည်။ (Xinhua)
——————————————-

(English Version)

Over 14.55 million people in Beijing vaccinated against COVID-19
BEIJING, May 2 (Xinhua) — More than 14.55 million people in Beijing had been vaccinated against COVID-19 as of Saturday, according to the Beijing municipal health commission.
The Chinese capital had administered nearly 25.03 million doses of COVID-19 vaccines as of Saturday.
Nationwide, over 270.4 million COVID-19 vaccine shots had been administered by Saturday, the National Health Commission said. ■