Connect with us

China

တရုတ်နိုင်ငံ၌ မေဒေးအားလပ်ရက်အတွင်း ပြည်တွင်းခရီးစဉ် သန်း ၂၃၀ သွားရောက်ခဲ့

ပေကျင်း ၊ မေ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ငါးရက်ကြာ မေဒေးအားလပ်ရက်အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၂၃၀ သန်း သွားရောက်ခဲ့ပြီး ပြီးခဲ့သောနှစ်ထက် ၁၁၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ မေ ၅ ရက်ထုတ်ပြန်ချက် အရ သိရသည်။

တရုတ်နိုင်ငံ၌ မေဒေးအားလပ်ရက်များအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များ လေ့လာလည်ပတ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ မေဒေးအားလပ်ရက်များအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များ လေ့လာလည်ပတ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ မေဒေးအားလပ်ရက်များအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များ လေ့လာလည်ပတ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၁၁၃ ဒသမ ၂၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၃၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။
မေဒေးအားလပ်ရက်သည် ယခုနှစ်တွင် မေ ၁ ရက်မှ ၅ ရက်ထိ ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
China sees 230 mln domestic tourist trips during May Day holiday
BEIJING, May 5 (Xinhua) — China saw a total of 230 million domestic tourist trips during the five-day May Day holiday, up 119.7 percent from last year, according to the Ministry of Culture and Tourism Wednesday.
Tourism revenue reached 113.23 billion yuan (about 17.5 billion U.S. dollars), up 138.1 percent from last year, according to the ministry.
The May Day holiday lasts from May 1 to 5 this year. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.