Social, Education & Health
တရုတ်နိုင်ငံ၌ ပြည်တွင်းဒေသခံများမှတဆင့် COVID-19 ရောဂါကူးစက်မှု အသစ်လုံးဝ မရှိကြောင်း သိရ

ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံပြည်မကြီး၌ မတ် ၂၂ ရက်တွင် ပြည်တွင်းဒေသခံများမှတဆင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှုအသစ်လုံးဝ မရှိခဲ့ကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အမျိုးသားကျန်းမာရေးကော်မရှင်က တရုတ်နိုင်ငံပြည်မကြီး၌ မတ် ၂၂ ရက်တွင် ရောဂါကူးစက်မှုအသစ် ၃၉ ဦးရှိခဲ့သော်လည်း ယင်းတို့အားလုံးမှာ နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသူများဖြစ်ကြောင်း ဆိုသည်။(Xinhua)