Connect with us

Social, Education & Health

တရုတ်နိုင်ငံရှိ ဆေးကုမ္ပဏီတစ်ခုက တရုတ်တိုင်းရင်းဆေးများ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရန် နိုင်ငံများသို့ လှူဒါန်း

တရုတ်နိုင်ငံ ဟာပင်းပြည်နယ်ရှိ ဆေးကုမ္ပဏီတစ်ခု၏ တိုင်းရင်းဆေးထုတ်လုပ်မှု လုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ မတ် ၁၉ ရက် (ဆင်ဟွာ)

 တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ဆေးကုမ္ပဏီတစ်ခုက အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရန် နိုင်ငံများသို့ လည်ချောင်းနာခြင်းကို ကုသရန် တရုတ်တိုင်းရင်းဆေး (TCM) များ လှူဒါန်းခဲ့ကြောင်း သိရသည်။

Yinhuang Qingfei ဆေးတောင့်များသည် ဟူနန်ပြည်နယ် TCM ကြီးကြပ်ရေးအဖွဲ့မှ COVID-19 ကုသရေးအစီအစဉ်တွင် ထောက်ခံချက်ရရှိထားသော တရုတ်တိုင်းရင်းဆေးတစ်မျိုးအဖြစ် စာရင်းဝင်ထားသော ဆေးဝါးဖြစ်သည်။Hunan Anbang ဆေးကုမ္ပဏီလီမိတက်မှ ထုတ်လုပ်၊ လှူဒါန်းသော အဆိုပါ ဆေးတောင့် သေတ္တာ ၁,၅၀၀ တင်ပို့မှုသည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ဝူးလူမုချိသို့ ရောက်ရှိနေပြီး မတ် ၂၅ ရက်တွင် လေကြောင်းမှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်သို့ ဆက်လက်ပို့ဆောင်မည် ဖြစ်သည်။

ယခင်ကလည်း Anbang ဆေးကုမ္ပဏီက COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် ပါကစ္စတန်နိုင်ငံသို့ ဆေးသေတ္တာ ၁,၅၀၀ အားလည်းကောင်း၊ အီရန်နိုင်ငံသို့ ဆေးသေတ္တာ ၃,၆၀၀ အားလည်းကောင်း ပေးပို့ခဲ့ကြောင်း သိရသည်။အမေရိကန်၊ အီတလီ၊ စပိန်၊ နယ်သာလန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများရှိ ပြည်ပရောက် တရုတ်ကုန်သည်ကြီးများအသင်းများကလည်း COVID-19 တိုက်ဖျက်ရေးအတွက် ဆေးဝါးများ ရရှိရန် Anbang ကုမ္ပဏီနှင့် ဆက်သွယ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးဝါးများသည် ပါကစ္စတန်နိုင်ငံတွင် ၂၀၀၉ ခုနှစ်က လက်တွေ့စမ်းသပ်မှု အောင်မြင်ခဲ့ပြီး ပါကစ္စတန် လူနာများအတွက် ထိရောက်မှုရှိခဲ့သည်ဟု ဆိုသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117