ပေကျင်း ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်နယ်အဆင့်ဒေသ ၁၅ ခုမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၃၈,၀၀၀ ကျော်သည် တရုတ်နိုင်ငံ၏ ငွေကြေးလုပ်ငန်းဆိုင်ရာ အကြီးဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် သွားရောက်နေကြပြီဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များဖြစ်ကြသော ရှီကျင့်ဖိန်၊ လီခဲ့ချန်၊ လိကျန့်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်၊ ကျောက်လဲ့ကျိ၊ ဟန်ကျိန့်နှင့် ဝမ်ချီဆန်း တို့သည် မတ် ၃၀ ရက်တွင် ပေကျင်းမြို့ တာ့ရှင်းခရိုင် ဟွမ်ချွန်းမြို့နယ်၌ မြို့တော်စေတနာ့သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။(Xinhua)...
ဟောင်ကောင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ဟောင်ကောင်ရှိ Yuen Long မြို့တွင် ပြည်မကြီးမှ ပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော ရပ်ရွာသီးသန့်အဆောက်အအုံ (CIF) အား ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရထံ မတ် ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဟောင်ကောင်၌ ပြည်မကြီး၏ ပံ့ပိုးကူညီမှုဖြင့်...
ချိန်တူး၊ မတ် ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပင်လယ်ရေမျက်နှာအမြင့်ဆုံး ကီလိုဝပ် သန်းနှင့်ချီထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သည့် ရာလုံကျန်းမြစ် လျန်းဟယ်ခို ရေအားလျှပ်စစ်စီမံကိန်း၏ နောက်ဆုံးစက်အုပ်စုသည် မတ် ၁၈ ရက်တွင် ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ပြီးဖြစ်သဖြင့် တရားဝင် စီးပွားဖြစ်ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်းသည် ယူကရိန်းနိုင်ငံ ကြက်ခြေနီအသင်းသို့ ဒုတိယအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များပေးပို့ခဲ့ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။ အစားအစာ ၊ အိပ်ယာလိပ်များ နှင့် အစိုဓာတ်ခံနိုင်သည့် ကတ်ပြားများ ပါဝင်သော ထပ်မံပေးပို့ခဲ့သည့် အထောက်အပံ့အသစ်များသည် မတ်...
ရင်ချွမ်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) အသက် ၄၆ နှစ်အရွယ် ဟဲဝန်ဟွာက ၎င်း၏ ဘီးတပ်ကုလားထိုင်ကို ချိန်ညှိလိုက်ပြီး စမတ်ဖုန်းကို ထရိုင်ပေါ့ (tripod) ပေါ်၌ နေရာချလိုက်ပြီးနောက် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဝူကျုံးမြို့ရှိ ၎င်း၏ဇာတိ ဟုန်ယာကျေးရွာမှ ဒေသခံလက်မှုပစ္စည်းများကို...
TBOUNG KHMUM ၊ ကမ္ဘောဒီးယား ၊ မတ် ၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Tboung Khmum ပြည်နယ်တွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသည့် အလွန်ကြီးမားပြီးခေတ်မီသော ဆေးရုံးကြီးကို မတ် ၈ ရက်တွင် စတင်အသုံးပြုခဲ့ပြီး ယင်းဆေးရုံကြီးသည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း နှင့် အရှေ့မြောက်ပိုင်း...
ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ဘေးကင်းစိတ်ချရဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ပြည်သူ့တရားရုံးချုပ် (SPC) က မတ် ၈ ရက်၌ အများပြည်သူသို့ ထုတ်ပြန်သော လုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ မိမိကိုယ်ကိုအဆုံးစီရင်မှု၊ မုဒိမ်းမှုနှင့် ပြန်ပေးဆွဲမှု စသဖြင့် အဓိက ပြစ်မှုဆိုင်ရာမှုခင်း ၈...
ဟောင်ကောင် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် ဝန်ထမ်းများပါဝင်သော ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့သည် COVID-19 ရောဂါ နောက်ဆုံးအကြိမ် ကူးစက်ပြန့်နှံ့လျက်ရှိသည့် ဟောင်ကောင်တွင် ရောဂါတိုက်ဖျက်ရေးအား ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဟောင်ကောင်(HKSAR) သို့ Shenzhen နယ်စပ်ဂိတ်မှတဆင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း...
ကွမ်ကျိုး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ် သင်္ဘော နှစ်စီးဖြင့် ဖွဲ့စည်းထားသည့် တွန်ဂါနိုင်ငံသို့ ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရေးအဖွဲ့သည် ကွမ်ကျိုးဆိပ်ကမ်းမှ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း ၈ နာရီခန့်က စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံ တောင်ပိုင်းဒေသ စစ်ဌာနချုပ်...