ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
QAMDO ၊ တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မူဝါဒဘဏ်များအနက် တစ်ခုဖြစ်သော တရုတ် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (China Development Bank) က လာမည့်ငါးနှစ်တာအတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများအတွက် ချေးငွေ ယွမ် ၁၀၀ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ) ခွင့်ပြုရန်လျာထားကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ကျေးရွာများတွင် နေထိုင်သူများ၏ ၉၈ ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လကုန်အထိ fiber-optic ကေဘယ်မှတစ်ဆင့် အင်တာနက် ဝင်ရောက်အသုံးပြုလျက်ရှိပြီး ၂၀၁၇ ခုနှစ်က ၇၀ ရာခိုင်နှုန်းအောက်ရှိရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ အင်တာနက်...
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေသည့် အမျိုးသမီး ၂ ဒသမ ၅၅ သန်းကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင်ကူညီနိုင်ခဲ့ကြောင်း တရုတ် မသန်စွမ်းသူများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံ့ခေါင်းဆောင်များသည် အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ကျဆုံးလေပြီးသော နိုင်ငံ့သူရဲကောင်းများအား လွမ်းသူ့ပန်းခြင်းချခြင်းဖြင့် ဂုဏ်ပြုကြမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ထုတ်ပြန်ချက်အရ...
ဟောင်ကောင် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဟောင်ကောင်ဒစ်စနေးအပန်းဖြေဥယျာဉ်အား အချိန်နှစ်လကြာပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်တွင် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များကိုပြန်လည်လက်ခံခဲ့သည်။
ရင်ချွမ်း၊ စက်တင်ဘာ၂၃ ရက် (ဆင်ဟွာ) အသက် ၄၄ နှစ် ရှိပြီဖြစ်သည့် ဟဲဝန်ဟွား၏ ဇာတိသည် နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှီးဟိုင်ကုတောင်တန်းဒေသ ကျုံးဝေ့မြို့ဟိုင်ယွမ်ခရိုင် ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ကျေးရွာလေးပင်ဖြစ်သည်။
ဝူဟန့် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ခရီးသည် ၉၅၀ ဦး တင်ဆောင်ထားသော အလည်အပတ် ခရီးသွားရထားတစ်စင်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့မှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ကြောင်း ၊ ယင်း ခရီးသွား ရထားကြီးသည် ပြည်နယ်အတွင်းရှိ Xiangyang...
ခါးစန်း၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ) ခါးစန်းဒေသ ခါစီး ခရိုင်သည် တရုတ်နိုင်ငံ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆင်းရဲနွမ်းပါးသော ခရိုင်လေးတစ်ခု ဖြစ်သည်။ ယခုနှစ်များတွင် ဒေသခံအစိုးရက ဒေသခံပြည်သူမျာအတွက် အလုပ်အကိုင် တည်ငြိမ်ရေးနှင့် ဆင်းရဲနွမ်းပါးမှုမှလွတ်ကင်း၍ဝင်ငွေတိုးစေရန် မုန့်ထုတ်လုပ်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်အောင် အားသွန်ဆောင်ရွက်လျက်ရှိသည်။