ဝူဟန့်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဝူဟန့်ကလေးဆေးရုံ၌ COVID-19 ရောဂါဖြစ်ပွားနေသည့် ကလေးငယ်များ သီးသန့်ထားရာ လူနာဆောင်ရှိ ကလေးငယ်များသည် ဆေးကုသရေးအကာအကွယ်ပစ္စည်းများ အထပ်ထပ်ဝတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့သည့်အခါ အစပိုင်းတွင် ကြောက်လန့်ပြီး ဆေးကုသရန် ငြင်းဆိုတော့သည်။ ၎င်းကလေးငယ်လေးများ မကြောက်ရအောင် ၊ဆေးကုသမှုအဆင်ပြေလွယ်ကူနိုင်အောင် ပန်းချီဆွဲခြင်းကို နှစ်သက်သည့် သူနာပြုဆရာမလေး ဝမ်ကျာက...
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)မှ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အဖွဲ့ဝင်အချို့သည် COVID-19 ကူးစက်ရောဂါအား စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီ ၂၂ ရက်က ဝူဟန့်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာများအတွက် တရုတ်တိုင်းရင်းဆေးဝါးများ (TCM) အလိုအလျောက် ထုတ်ပေးနိုင်သည့် ရောင်းသူမလိုသောဆေးဆိုင်တစ်ခုကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းဆေးဆိုင်ကို တီထွင်သည့် ကုမ္ပဏီ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံအနှံ့ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အသစ် ဖြစ်ပွားမှု စုစုပေါင်း အရေအတွက်သည် တစ်ဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ကပ်ရောဂါ အခြေအနေမှာ တိုးတက်လာသော အပြုသဘောဆောင်သည့် လက္ခဏာကို ပြသနေကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ယနေ့...
ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) တိုက်ဖျက်ရေးသည် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အားပေးထောက်ခံမှုနှင့်အတူ အောင်မြင်မှုရရှိမည်ဟု အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် အရေးပါသော အချိန်ကို ရောက်ရှိနေသည့် တိုက်ပွဲတစ်ခုအဖြစ် သိသိသာသာတိုးတက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် (Boris Johnson) နှင့် တယ်လီဖုန်းဖြင့်...
ဝူဟန့် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဦးဆောင်ဦးရွက် ညွှန်ကြားမှုပြုလုပ်နေသည့် တရုတ်နိုင်ငံဗဟိုအစိုးရ လမ်းညွှန်အဖွဲ့က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန့်မြို့ရှိ ဝူဟန့်ဆေးရုံအကြီးအကဲ ဒေါက်တာ Liu Zhiming ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) COVID -19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသည် နေ့စဉ်ရက်ဆက် အပေါင်းလက္ခဏာ ဆောင်သည့် တိုးတက်မှုများရရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ပညာရှင်များ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) မှ ပညာရှင်များ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုသည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး နှင့် ရောဂါကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ နိုဗယ်လ်ကိုရိုနာကူးစက်ပြန့်နှံ့မှုအား ကာကွယ်ရန် အလို့ငှာ လိုအပ်သော နှာခေါင်းစည်းများထုတ်လုပ်ပေးရန် စက်ရုံအဆောက်အဦတစ်ခုကို နှာခေါင်းစည်းစက်ရုံတစ်ရုံအဖြစ် အချိန် ၆ ရက်အတွင်း အပြီးပြောင်းလဲ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။