ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
ချိုမိုလန်းမားတောင် ပင်မ နားနေစခန်း၊ မေ ၁၈ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဧဝရတ်တောင်(ချိုမိုလန်းမားတောင်)အမြင့်တိုင်းတာရေး တောင်တက်အဖွဲ့သည် မေ ၁၇ ရက် ၁၁ နာရီခန့်က ပင်လယ်ရေမျက်နှာပြင်အထက် ၅,၈၀၀ မီတာ အမြင့်ရှိ နားနေစခန်းမှ ထွက်ခွာခဲ့ရာ ၅ နာရီနီးပါးအကြာတွင် ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၀၀ မီတာရှိ...
ကွေ့ကျိုး၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချစ်စွေမြို့သည် ဂေဟစနစ်ဦးစားပေး၊ အစိမ်းရောင်ဖွံ့ဖြိုးရေး၊ အတူတည်ဆောက်အတူမျှဝေသည့်လမ်းစဉ်အတိုင်း ခိုင်မာစွာ လျှောက်လှမ်းဆောင်ရွက်လျက်ရှိရာ တစ်မြို့လုံးတွင် သစ်တော ဖုံးလွှမ်းမှုဧရိယာသည် ၈၀ ရာခိုင်နှုန်းနှင့်အထက်ရှိနေပြီး ဝါးတောဧရိယာသည် ဧကပေါင်း ၁၃ သိန်းကျော်ရှိကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လက္ခဏာမပြသော COVID-19 လူနာများ နှင့် အခြားသော အတည်ပြုလူနာများ နှစ်မျိုးစလုံးနှင့်ပတ်သက်၍ တန်းတူအလေးထားဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေးများ ၊ ဆေးစစ်တံများ(test kits) နှင့် ဆေးဝါများကို တိုးမြှင့်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မူဘောင်နှင့်အတူ လုပ်ဆောင်နေပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါဖြစ်ပွားစေသော ဇီဝမျိုးကွဲ/မျိုးစိတ်ဆိုင်ရာ တွေ့ရှိချက်များကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ မျှဝေပေးရန် အစဉ်အမြဲတက်ကြွစွာ နှင့် ပွင့်လင်းစွာ...
ရှန်ဟိုင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော အာရှ၏ အကြီးဆုံး ဂိမ်းပြိုင်ပွဲကြီးဖြစ်သည့် ChinaJoy ပြပွဲကို စီစဉ်ထားသည့်အတိုင်း ဇူလိုင် ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာလိုက်သည်။
ကျန့်အန်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန် ရှီးပြည်နယ် ဆန်းလော့မြို့ ကျန့်အန်းခရိုင်မြို့သည် ချင်းလျင်ရိုးမ တောင်တန်းတွင် တည်ရှိသည့် မြို့လေးတစ်မြို့ဖြစ်ရာ ယခုနှစ်ပိုင်းများတွင် အေးချမ်းသာယာလှပသော အပန်းဖြေအနားယူရာမြို့လေးတစ်မြို့အဖြစ် အခြေခံအဆောက်အဦ ပြည်စုံကောင်းမွန်သည့် စိမ်းလန်းစိုပြေဥယျာဉ်မြို့လေးအနေဖြင့် အဓိကထားတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ကို ပြန်လည်တိုင်းတာရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာစစ်တမ်းကောက်ယူကြမည့် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင် ၃၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်းမား (Qomolangma) တောင်ခြေ အခြေစိုက်စခန်းမှ မေ ၆ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကျွမ်းကျင်တောင်တက်သမားများနှင့်...
ပေကျင်း ၊ မေ ၃ရက် (ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) သည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်တွင် ခြေကုပ်ယူခဲ့ပြီးဖြစ်ရာ ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုသည် အမှန်စင်စစ် ရောက်ရှိလို့ လာခဲ့ပါပြီ။ ၎င်းသည် ကပ်ရောဂါတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သော်လည်း ထိန်းချုပ်၍ ရနိုင်ပါသည်။
ဟဲဖေး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်ရှိ နောက်ဆုံးကျန်ရှိနေသည့် ဆင်းရဲနွမ်းပါးမှုမြင့်မားသည့် နယ်မြေအဆင့်ဒေသ ၉ ခုသည် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုနယ်မြေများ စာရင်းမှ ဖယ်ရှားလိုက်ကြောင်း ပြည်နယ်အစိုးရက ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။