Connect with us

Social, Education & Health

သမ္မတရှီကျင့်ဖိန်၏ ခွင့်ပြုချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ဆေးကုသရေးစုပေါင်းအဖွဲ့ ဝူဟန့် ဟောဆန်ဆန်းဆေးရုံကြီးတွင် ကိုရိုနာကုသရေးတာဝန် ထမ်းဆောင်မည် 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ သမ္မတရှီကျင့်ဖိန်၏ခွင့်ပြုချက်ဖြင့်  အဖွဲ့ဝင် ၁,၄၀၀ ဦး ပါဝင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဆေးကုသရေးစုပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ  ၃ရက်မှစ၍ ဝူဟန့် ဟောဆန်ဆန်းဆေးရုံကြီး၌  ကိုရိုနာအဆုတ်ရောင်ရောဂါကုသရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။ 

ဟောဆန်ဆန်းဆေးရုံကြီးတွင် ကိုရိုနာအဆုတ်ရောင်ရောဂါဟု အတည်ပြုပြီးသူများကို အဓိက ကုသပေးသွားမည်ဖြစ်ကြောင်း၊ ၎င်း ဆေးရုံတွင် လူနာ ကုတင် ၁,၀၀၀ ပါဝင်မည်ဖြစ်ကြောင်း အထူးကြပ်မတ်ကုသဆောင်(ICU)၊ ကြပ်မတ်ကုသဆောင်၊ သာမန်ကုသဆောင်ဟူ၍ ခွဲခြားထားပြီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ၊စစ်ဆေးကုသရေး စသည်တို့ပါဝင်ကြောင်း သိရသည်။ 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသပေးရန် ဝူဟန့်မြို့သို့ ရောက်ရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂ ရက်က  ဝူဟန့် ထျန်းဟောလေဆိပ်တွင် တွေ့ရစဉ်(ဆင်ဟွာ) 

ဆေးကုသရေးစုပေါင်းအဖွဲ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ပူးတွဲထောက်ပို့တပ်ဖွဲ့ဆေးရုံမှ တပ်ဖွဲ့ဝင် ၉၅၀ ဦး၊ ယခင်က ဝူဟန့်ကို ရောက်ရှိပြီးဖြစ်သော ကြည်းတပ် စစ်ဆေးတက္ကသိုလ် ၊ ရေတပ် စစ်ဆေးတက္ကသိုလ်၊ လေတပ် စစ်ဆေးတက္ကသိုလ်များမှ တပ်ဖွဲ့ဝင် ၄၅၀ ဦး ပါဝင်ကြောင်း သိရသည်။ထို့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို၊ စစ်ရေးသိပံ္ပအကယ်ဒမီ ဆေးဘက်ဆိုင်ရာ သုတေသနဌာနမှ ပညာရှင် ၁၅ ဦးပါဝင်သည့် ပူးတွဲပညာရှင်အဖွဲ့လည်းပါဝင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းညွှန်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ဆေးကုသရေးစုပေါင်းအဖွဲ့၏ အဖွဲ့ဝင်အများစုသည်  ရှောင်ထန်းဆန်းဆေးရုံ SARS ရောဂါတိုက်ဖျက်ရေးနှင့် ဆီယာရာလီယွန်နိုင်ငံနှင့် လိုက်ဘေးရီးယားနိုင်ငံတို့တွင် Ebolaရောဂါတိုက်ဖျက်ရေး၌ ကူညီဆောင်ရွက်ပေးခဲ့ကြသူများ ဖြစ်သဖြင့် ကူးစက်ရောဂါ ကုသရေးအတွေ့အကြုံများစွာ ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.