Connect with us

Social, Education & Health

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် အစာခြေစနစ်မှ ကူးစက်ပြန့်နှံ့ဖွယ်ရှိကြောင်း ပညာရှင်များပြော

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ဆေးဘက်ပညာရှင်များ သုတေသနပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နောက်ဆုံးရှာဖွေတွေ့ရှိမှုအနေဖြင့် ၎င်းရောဂါသည် အစာခြေစနစ်(digestive system) မှ ကူးစက်ပြန့်နှံ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံဆေးပညာရှင်များက သတိပေးလိုက်သည်။

အချို့သော ကိုရိုနာဗိုင်းရပ်စ်လူနာများသည် ဝမ်းသွားခြင်းလက္ခဏာတစ်ခုတည်းသာရှိပြီး ဝေဒနာရှင်အများစု ခံစားရသည့် အပြင်းဖျားခြင်းလက္ခဏာ မရှိသည်ကို သတိပြုမိခဲ့ပြီးနောက်ပိုင်းတွင် ပညာရှင်များသည် လူနာများ၏ မစင်ထဲမှ ဗိုင်းရပ်စ် ဖြစ်ပွားစေသည့် နျူကလစ်အက်စစ် (nucleic acids) နှင့် ဆက်စပ်အနုဇီဝပိုးမွှားများ ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါတွေ့ရှိမှုကို တရုတ်နိုင်ငံ ဝူဟန့်တက္ကသိုလ် Renmin ဆေးရုံ နှင့် တရုတ်နိုင်ငံ၏ ထိပ်တန်း သဘာဝသိပ္ပံပညာရပ်ဆိုင်ရာ သုတေသနအဖွဲ့ကြီးဖြစ်သော တရုတ်သိပ္ပံအကယ်ဒမီ၏ ဝူဟန့်Virology ဌာန တို့မှ ပူးတွဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ရောဂါပိုးအားရှူရှိုက်မိခြင်း သို့မဟုတ် ထိတွေ့ကိုင်တွယ်မိခြင်း စသည့် အကြောင်းအရာများမှတဆင့် ကူးစက်နိုင်သည်ဟု ဆိုသော်လည်း တရုတ်သုတေသနအဖွဲ့အနေဖြင့် ၎င်းရောဂါမှာ အစာခြေစနစ်(အစားအသောက် နှင့် မစင်) တို့မှတဆင့် ကူးစက်နိုင်ဖွယ်ရှိကြောင်း ယုံကြည်ထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117