Connect with us

Social, Education & Health

တိဗက်ရှိ Qamdo စီရင်စုနယ်တွင် ငြိမ်းချမ်းစွာ လွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အကသမားများက တင်ဆက်ပြသနေစဉ် (ဆင်ဟွာ)

QAMDO ၊ တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ယင်းစီရင်စုနယ်မှ ကောင်တီနှင့် ခရိုင် ၁၁ ခုရှိ အလွှာပေါင်းစုံမှ မတူညီသော တိုင်းရင်းသားမျိုးနွယ်စုဝင်များ ပါဝင်ခဲ့ကြပြီး ပုံစံ ၂၃ မျိုးဖြင့် ချီတက်ကာတင်ဆက်ပြသခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အကသမားများက တင်ဆက်ပြသနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အကသမားများက တင်ဆက်ပြသနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အကသမားများက တင်ဆက်ပြသနေစဉ် (ဆင်ဟွာ)
အခမ်းအနား၌ လယ်ယာကျေးကျွန်ဟောင်းများ၊ အငြိမ်းစား ခေါင်းဆောင်များနှင့် ကျောင်းသားများမှ ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြသည်။

“ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ အိမ်ထောင်မိသားစုတွေအားလုံးမှာ အိမ်အသစ်တွေ၊ ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ တီဗီတွေနဲ့ ရေခဲသေတ္တာတွေ ရှိကုန်ကြပါပြီ။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာတွေနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရွာထဲမှာတွေ့နိုင်ပါပြီ” ဟု လယ်ယာကျေးကျွန်ဟောင်းများ၏ မျိုးဆက်တစ်ဦးဖြစ်သူ Ngawang Jamcan က အခမ်းအနား၌ ပြောကြားခဲ့သည်။ “အခုတော့ ကျွန်တော်တို့ရဲ့ဘဝဟာ ပျားသကာထက် ပိုပြီးချိုမြလာပါပြီ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qamdo စီရင်စုနယ် ငြိမ်းချမ်းစွာလွတ်လပ်မှုရရှိခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လွန်ခဲ့သော ဆယ်စုနှစ်များက Qamdo စီရင်စုနယ်သည် မြေရှင်ပဒေသရာဇ်စနစ်မှ ဆိုရှယ်လစ်စနစ်သို့ သမိုင်းဝင်ကူးပြောင်းခဲ့ပြီး ဒေသတွင်း ဂျီဒီပီမှာလည်း ယွမ် ၂၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၂၈ ဘီလီယံ) အထိ ၅၃၉ ဆ တိုးမြင့်လာခဲ့သလို ကျေးလက်ဒေသများရှိ ဒေသခံများ၏ တစ်ဦးချင်းဝင်ငွေမှာလည်း ၁၉၅၈ ခုနှစ် အဆင့်များနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် ယွမ် ၁၁,၅၄၅ ဖြင့် ၅၂၅ ဆ မြင့်တက်လာခဲ့သည်။ ယခုအခါ ၎င်းစီရင်စုနယ်ရှိ ဆင်းရဲသော နယ်မြေများနှင့် ဒေသခံများအားလုံးမှာ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခဲ့ပြီဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.