Connect with us

Social, Education & Health

ရှင်းကျန်းဒေသရှိ စီရင်စုများအားလုံးတွင် ၇၅၀ ကေဗီ လျှပ်စစ်စွမ်းအင်ကွန်ရက် လွှမ်းခြုံမှုရှိ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hotan စီရင်စုရှိ လျှပ်စစ်တာဝါတိုင်တစ်ခုပေါ်တွင် အလုပ်လုပ်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချိ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဗို့အားအလွန်မြင့်မားသည့် ဓာတ်အားလိုင်းသစ် စတင်လည်ပတ်နေပြီဖြစ်ပြီး ဒေသတွင်း ၇၅၀ ကေဗီ ဓာတ်အားကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၇၂ နာရီကြာ စမ်းသပ်လည်ပတ်မှုပြီးနောက် Altay စီရင်စုနှင့် မြောက်ပိုင်း Junggar Basin တို့နှင့် ချိတ်ဆက်ထားသော ၃၄၁ ကီလိုမီတာ ၇၅၀ ကေဗီ ဓာတ်အားလိုင်းသည် အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်လုပ်ငန်းလည်ပတ်နေပြီဖြစ်ကာ စီရင်စု၏ ပြင်ပသို့ ဓာတ်အားထုတ်လွှတ်မှု စွမ်းအင် ကီလိုဝပ် ၂ သန်းအထိ တိုးမြင့်လာမည်ဖြစ်သည်။

Altay စီရင်စုသည် နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင် ပေါကြွယ်ဝပြီး ဒေသ၏ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်စွမ်းနှင့် အပြည့်အဝအသုံးချမှုနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် ပိုလျှံလျှပ်စစ်မှ စီးပွားဖြစ်ဝင်ငွေရရှိရန် အသုံးပြုရန် ခက်ခဲလျက်ရှိသည်။

ယွမ် ၁ ဒသမ ၆၇ ဘီလီယံ (အမေရိကန်ဒေါ်လာ၂၄၇ ဒသမ ၇သန်း) ရင်းနှီးမြှုပ်နှံထားသော နိုင်ငံပိုင်ဓာတ်အားလိုင်း၏ ရှင်းကျန်းဓာတ်အားလိုင်းခွဲသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စွမ်းအင်ပို့လွှတ်ဓာတ်အားလိုင်းကို စတင်တည်ဆောက်ခဲ့ပြီး ယင်းစီရင်စုအနေဖြင့် အသုံးမပြုသည့်ဓာတ်အားတချို့ကို တစ်ဆင့်ပေးပို့ခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ဝင်ငွေများ ဆောင်ကြဉ်းလျက်ရှိသည်။

နိုင်ငံပိုင်ဓာတ်အားလိုင်း၏ ရှင်းကျန်းဓာတ်အားလိုင်းခွဲ၏အဆိုအရ ၇၅၀ ကေဗီ ပင်မဓာတ်အားလိုင်းသည် ရှင်းကျန်းရှိ စီရင်စုများအားလုံးကို လွှမ်းခြုံနိုင်ပြီး ဒေသတွင်း ဖွံဖြိုးတိုးတက်မှုအတွက် စွမ်းအင်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.