Connect with us

Social, Education & Health

တရုတ်နှင့် တောင်ကိုရီးယား (ROK) ပူးပေါင်း၍ စားသုံးသူ အခွင့်အရေးများအား ကာကွယ်သွားမည်

အမျိုးသား စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဦးစီးဋ္ဌာန အကြီးအကဲ ကျန်းမြောင် (Zhang Mao) အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံ (ROK) တို့ ပူးပေါင်း၍ စားသုံးသူ အခွင့်အရေး ကာကွယ်မှု နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးမှ နိုဝင်ဘာလ ၃ ရက်နေ့က ပြောကြားခဲ့သည်။

ပူးပေါင်း ဆောင်ရွက်မှုသည် နယ်စပ် ကုန်သွယ်ရေး၊ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းတို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဦးစီးဋ္ဌာန အကြီးအကဲ ကျန်းမြောင် (Zhang Mao) မှ ပြောကြား ခဲ့သည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသည် ကောင်းမွန်သည့် တိုးတက်မှု သင်္ကေတပင် ဖြစ်ကြောင်း သိရသည်။

တရုတ်သည် တောင်ကိုရီးယား (ROK) ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး တောင်ကိုရီးယား (ROK) အနေဖြင့်လည်း တရုတ်၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံ ရှိခဲ့ပြီး သံတမန် ဆက်ဆံရေး ထူထောင် ခဲ့သည် ၁၉၉၂ ခုနှစ် ကုန်သွယ်မှု ပမာဏထက် အဆ ၆၀ များပြားကြောင်း သိရသည်။

ယခင်နှစ်တွင် တရုတ် နှင့်တောင်ကိုရီးယား(ROK) ကြားခရီးစဉ် ပေါင်း ၁၀ သန်းကျော်ရှိခဲ့ပြီး နှစ်နိုင်ငံကြား လေယာဉ် ပျံသန်းမှုသည် အပတ်စဉ် အကြိမ်ပေါင်း ၁,၀၀၀ ကျော်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.