Connect with us

Social, Education & Health

အနာဂတ် ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် အရေအတွက်ထက် အရည်အသွေးရှိဖို့ တရုတ် အရေးစိုက်မည်

ပေကျင်းရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် တက်ရောက် ပညာသင်ယူနေသော ကျောင်းသားလေးများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကျောင်း အရေအတွက်များခြင်း အစား အရည်အသွေးပိုင်းကို ပိုပြီး မြှင့်တင်၍ အထက်တန်း ကျောင်းသားများအတွက် တက္ကသိုလ်ပညာရေး ရရှိရန် ကြိုးစားအားထုတ်ပေးသွားမည်ဟု ပညာရေးဝန်ကြီးဋ္ဌာန က နိုဝင်ဘာလ ၁၁ ရက်နေ့က ပြောကြားလိုက်သည်။

ကျောင်းသားများအတွက် စာရိတ္တ ပိုင်းဆိုင်ရာ ပညာရေး ကို ပထမဆုံး စတင်မည်ဖြစ်ပြီး တွင်ကျယ်လာသည့် တစ်ချိန်တည်းမှာပင် အဆင့်မြင့်ပညာရေးအား မြှင့်တင်သွားမည်ဟု ဒုတိယဝန်ကြီး လျူ လီမင်းက ပေကျင်းမြို့၌ နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုမှာ ပြောသည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ၁၃ ကြိမ်မြောက် ငါးနှစ်စာ စီမံကိန်း အဆိုပြုလွှာတွင်လည်း အဆင့်မြင့်ပညာရေးအား မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။

အဆင့်မြင့် ပညာရေးတွင် အရေးပါသည့် အကြီးတန်း အဆင့်မြင့်ပညာရေးနှင့် ဆင့်ပွား လုပ်ငန်းခွင် သင်တန်း ကျောင်းများ မျှတစွာ ဖွံ့ဖြိုးစေခြင်းဖြင့် တရုတ်နိုင်ငံ ပညာရေး ရန်ပုံငွေနှင့် ဆရာများအား စိတ်ဝင်စားမှု ရှိလာ နိုင်ရန်အတွက် ခိုင်မာသည့် လုပ်ထုံးလုပ်နည်းများဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း လျူက ပြောသည်။

တရားဝင် စာရင်းများကညွှန်ပြထားသည့် တရုတ်နိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင် တက္ကသိုလ် ဝင်ရောက်မှု အချိုးမှာ ၂ဝ၁၄ ခုနှစ်တွင် ၈၆.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယင်းရာခိုင်နှုန်းသည် ၂ဝဝ၉ ခုနှစ်ကထက် ၇.၃ ရာခိုင်နှုန်း တိုးလာခဲ့သလို ၂ဝဝဝ ခုနှစ်နှင့်ယှဉ်ပါက ၄၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ဆင်းရဲမွဲတေမှု ကျရောက်သည့် ဧရိယာများဖြစ်သည့် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးမှုအား ပိုမိုထောက်ပံ့ရေးနှင့် ဆင်းရဲသည့် မိသားစုများမှ ကျောင်းသားများအတွက် အခြေခံ သတင်းအချက်အလက်များ မှတ်တမ်းပြုထားသည့် သတင်းအချက်အလက်စင်တာများ ထူထောင်ရေး စသည်တို့အား ဝန်ကြီးဋ္ဌာနမှ ပိုမိုထောက်ပံ့ပေးမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.