Connect with us

Sport

တရုတ်နိုင်ငံက အားကစား အခြေခံအဆောက်အအုံ မြှင့်တင်ရန် ရန်ပုံငွေ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ ဘောလုံးကန်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပြည်သူ့အားကစားစီမံကိန်းများကို ထောက်ပံ့ရန် ဗဟိုဘတ်ဂျက်မှ ယခုနှစ်အတွက် ရန်ပုံငွေ ပထမအသုတ် ခွဲဝေသတ်မှတ်ခဲ့ကြောင်း ထိပ်တန်း စီးပွားရေးစီမံခန့်ခွဲမှုအဖွဲ့ဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်က မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ပြည်နယ်အဆင့် ဒေသ ၂၄ ခုနှင့် အဓိကမြို့ ၁၅ မြို့ရှိ ဘောလုံးကွင်းများနှင့် အားကစားစင်တာများအား ထောက်ပံ့ရန် ရန်ပုံငွေ ယွမ် ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄၂ သန်း) ခွဲဝေသတ်မှတ်ထားကြောင်း ကော်မရှင်က ပြောခဲ့သည်။၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ ပြည်သူ့အားကစားလုပ်ငန်း မြှင့်တင်ရန်အတွက် စုစုပေါင်း ရန်ပုံငွေ ယွမ် ၉ ဒသမ ၄ ဘီလီယံ အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေများကို တည်ဆောက်ရေးစီမံကိန်း ပြန်လည်စတင်ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုက အားကစားဈေးကွက်အပေါ် ပြည်သူများ၏ ယုံကြည်မှု တိုးမြှင့်စေရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် ပြည်သူများ၏ ကျန်းမာရေးတောင်းဆိုချက်နှင့် ကိုက်ညီစေရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.