Connect with us

Sport

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ပွဲစဉ်တွင် တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူ ၁၉ အသင်း က မြန်မာယူ၁၉ ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိ

မြန်မာ့လက်ရွေးစင်ယူ ၁၉ အသင်း လေ့ကျင့်မှုပြုလုပ်စဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် နိုဝင်ဘာလ ၆ ရက် ညနေ ၃ နာရီတွင်စတင်ကျင်းပခဲ့ရာတရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူ ၁၉ အသင်း က မြန်မာယူ၁၉ ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိ ဖြင့်အနိုင်ရရှိသွားခဲ့သည်။

တရုတ် ယူ ၁၉ အသင်းကပထမပိုင်း ၁၀ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးဒုတိယပိုင်း ၆၇ မိနစ် တွင် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် မြန်မာ ယူ ၁၉ အသင်းကတောင်ကိုရီးယား ယူ ၁၉ အသင်းနှင့် စင်ကာပူ ယူ ၁၉ အသင်းတို့နှင့်လည်းကောင်း၊တရုတ် ယူ ၁၉ အသင်းက စင်ကာပူ ယူ ၁၉ အသင်းနှင့် တောင်ကိုရီးယား ယူ ၁၉ အသင်းတို့နှင့်လည်း အသီးသီးဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု( I ) ခြေစစ်ပွဲစဉ်နှင့်ပတ်သက်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၅ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး ခြေစစ်ပွဲဝင် အသင်းလေးသင်းဖြစ်ကြသည့် မြန်မာ၊တရုတ်၊တောင်ကိုရီးယား၊ စင်ကာပူအသင်း နည်းပြချုပ်များကပွဲကြိုပြောစကားများအားပြောကြားခဲ့သည်။  (Xinhua)