Connect with us

Sport

အားကစားသည် ငွေအသပြာ တစ်ခုထဲအတွက် မဟုတ်ကြောင်း ယောင်မင်း ပြောကြား


ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အားကစား လုပ်ငန်းသည် အလျင်အမြန် တိုးတက်လာနေသလို ရင်းနှီးမြှုပ်နှံမှုများ ပိုမို လိုအပ်နေကြောင်း နိုင်ငံ၏ အားကစား အကျော်အမော် ယောင်မင်း (Yao Ming) က ပြောကြားခဲ့သည်။

၁၂ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ အစည်းအဝေး၌ ယောင်မင်းက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံအတွင်း အားကစား ဈေးကွက်မှာ အကောင်းဆုံး အခြေအနေနှင့် ဝေးကွာနေသေးကြောင်း၊ လတ်တလော လုပ်ဆောင်ရမည်မှာ တည်ငြိမ်ပြီး သစ္စာရှိသော မျိုးဆက်သစ်နှင့် ပရိသတ် တိုးမြင့်လာရန် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘက်စကက်ဘော အသင်း၏ ဥက္ကဋ္ဌသစ် ယောင်က ပြောကြားခဲ့သည်။

၁၂ ကြိမ်မြောက် CPPCC အစည်းအဝေးတွင် ညီလာခံ ကိုယ်စားလှယ် ယောင်မင်းအား မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ငယ်စဉ်ကတည်းက အားကစားဘက်ကို စိတ်ဝင်စားအောင် လုပ်ပေးသင့်တယ်၊ ကျွန်တော်တို့ ကလေးငယ်တွေကို ကျောင်းမှာ အနည်းဆုံး အာကစားနည်း တစ်မျိုးလောက် ကစားနိုင်အောင် စီစဉ်ပေးသင့်တယ်၊ ဒါမှ သူတို့ ဘဝ တစ်လျှောက်လုံး အားကစား လှုပ်ရှားမှုတွေမှာ နားလည် ပါဝင်လာပြီး အားကစား နှစ်သက်သူတွေ ပိုမို ပေါ်ထွက်လာမှာပါ” ဟု ယောင်က ဆိုသည်။

ထို့ပြင် ယောင်က လာမည့် အနာဂတ် ကာလတွင် ပြည်တွင်း အားကစား လှုပ်ရှားမှုများ ပိုမို ပေါ်ထွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အားကစား ပွဲစဉ်များ လုပ်ဆောင်မည့် နေရာ၊ အပျော်တမ်း အားကစားပွဲများနှင့် ဆုကြေးစားအဆင့် အားကစားပွဲများ ဖော်ဆောင်ခြင်းဖြင့် လူတန်းစားမျိုးစုံ အားကစားနှင့် ထိတွေ့နိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဆုကြေးစားအဆင့် အားကစားပွဲတွေက အခိုင်အမာ လုံလောက်မှု မရှိသေးဘူး၊ ကလပ်အသင်းတွေ ကြီးထွားလာပြီး ဆုကြေးစားပြိုင်ပွဲတွေကို အဆင့်မြင့် အထိ တက်လှမ်းနိုင်ဖို့ တွန်းအားပေးသင့်တယ်” ဟု ယောင်က ပြောကြားခဲ့သည်။ထို့ပြင် လက်ရှိ ရှိပြီးသား အားကစားပွဲ ကျင်းပရာ နေရာများ၊ စာသင်ကျောင်းရှိ အားကစားကွင်းများနှင့် အခြား အများပြည်သူဆိုင်ရာ နေရာများကို ပိုမို အကျိုးရှိစွာ သုံးစွဲရန်လည်း ယောင်က အကြံပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.