Connect with us

Sport

FIBA ဗဟိုဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ယောင်မင် ခန့်အပ်ခံရခြင်းအတွက် တရုတ်ပရိသတ်များ ဝမ်းမြောက်ဂုဏ်ပြု

တရုတ်နိုင်ငံ၏ ကမ္ဘာကျော် ဘက်စကတ်ဘော အားကစားသမား ယောင်မင် အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘတ်စကက်ဘောအသင်း(CBA) ဥက္ကဋ္ဌဖြစ်သူ ယောင်မင် ( Yao Ming) အား နိုင်ငံတကာဘတ်စကက်ဘော အဖွဲ့ချုပ်(FIBA) ၏ ထိပ်တန်းအမှုဆောင် ကော်မတီဝင် တစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည့်အပေါ် တရုတ်နိုင်ငံရှိ ယောင်မင်၏ အမာခံ ပရိသတ်များက အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ အားပေးထောက်ခံခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်မြို့၌ မေလ ၃ ရက်ကပြုလုပ်သော FIBA ဘုတ်အဖွဲ့အစည်းဝေးတွင် နာမည်ကျော် NBA ဘတ်စကက်ဘော အားကစားသမားတစ်ဦးဖြစ်သူ ယောင်မင် အား ရုရှားနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် အကြီးအကဲ Andrel Kirilenko နှင့်အတူ FIBA တွဲဘက်ဗဟိုဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ခန့်အပ်ခံရပြီးနောက်တစ်နေ့တွင် တရုတ်နိုင်ငံရှိ ယောင်မင်၏ ပရိသတ်များက ဝမ်းမြောက်ဝမ်းသာ လက်သီးလက်မောင်းတန်း၍ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ဂုဏ်ယူပါတယ် ယောင်မင် ၊ ခင်ဗျားကို အပြည့်အဝ ထောက်ခံပါတယ်” ဟု ပရိသတ်တစ်ဦးက ကြွေးကြော်ခဲ့သည်။

“ ယောင်မင် ကို ခန့်အပ်လိုက်တဲ့အတွက် ကျနော့်ဆီက Like ၁ဝဝ ရနိုင်ပါတယ်။ သူ့ကိုခန့်အပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံရဲ့ ဘတ်စကက် လောကဟာ ပိုကောင်းလာမှာပါ။ ပြီးတော့ကမ္ဘာ့အားကစားချိန်ခွင်လျှာကိုလည်း ညီမျှစေပါတယ် ” ဟု အခြား ထောက်ခံသူတစ်ဦးက ဆိုသည်။

FIBA ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ယောင်မင်သည် အောက်တိုဘာလ ၁ ရက် မှစတင်ကာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး ကမ္ဘာ့အနှံ့ဘတ်စကက်ဘော အားကစားနည်းဖွံ့ဖြိုးတိုးတက်အောင် လှည့်လည် လုပ်ဆောင်ရမည်ဖြစ်သည်။

အသက် ၃၇ နှစ်အရွယ်ရှိ နာမည်ကျောဘတ်စကက်သမား ယောင်မင်သည် တရုတ် နိုင်ငံ၏ လက်ရွေးစင် အားကစားသမားတစ်ဦးအဖြစ် အောင်မြင်မှုရရှိခဲ့သလို Houston Rockets ဗဟိုဌာနတွင် စီးပွားရေးသမားတစ်ဦးအဖြစ်လည်းကောင်း ၊ နိုင်ငံရေးအကြံပေးတစ်ဦးအဖြစ်လည်းကောင်း၊ ဘတ်စကက်ဘောအဖွဲ့အကြီးအကဲတစ်ဦးအဖြစ်လည်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ၎င်းသည် CBA ဥက္ကဋ္ဌ အဖြစ် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက ရွေးကောက်တင်မြှောက်ခြင်းခံထားရသူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.