Connect with us

Sport

ရော့ခ်အင်န်ရိုး မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲကို နိုဝင်ဘာလတွင် ပြုလုပ်မည်

၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရော့ခ်အင်န်ရိုး (Rock‘n’Roll) မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ရော့ခ်အင်န်ရိုး (Rock‘n’Roll) မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲ (ခေါ်) အကွာအဝေး ၂၁ ဒသမ ၀၉၇၅ ကီလိုမီတာ အပြေးပြိုင်ပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Olympic Forest Park တွင် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်ကစ၍ စာရင်းပေးနိုင်ပြီဖြစ်ကြောင်း Wanda Sports က အောက်တိုဘာလ ၅ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

အဆိုပါ အပြေးပြိုင်ပွဲတွင် မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ၊ ပျော်ရွှင်စွာ အပြေးပြိုင်ပွဲ (၅ ကီလိုမီတာ) များပါဝင်မည်ဖြစ်ပြီး အပြေးသမား အများဆုံး ၁၂,၀၀၀ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည် တရုတ်နိုင်ငံတွင် ရော့ခ်အင်န်ရိုး မာရသွန်ထက်ဝက်အပြေးပြိုင်ပွဲစီးရီး ကျင်းပခဲ့သည့် သုံးနှစ်မြောက်လည်း ဖြစ်သည်။ (Xinhua)