Connect with us

Sport

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ချိန်ရွှီယွမ်အား ရွေးချယ်

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံရသော ချိန်ရွှီယွမ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှန်ဟဲ၊ ဟဲဘေပြည်နယ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (CFA) သည် ၁၁ ကြိမ်မြောက် အသင်းဝင်များ ညီလာခံအား ဟဲဘေပြည်နယ်ရှိ ရှန်ဟဲ အမျိုးသားဘောလုံးလေ့ကျင့်ရေးစင်တာ၌ ပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ချိန်ရွှီယွမ်အားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် အတွေ့အကြုံရှိ ဘောလုံးပညာရှင် ၃ ဦးတို့အားလည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ချိန်သည် Chinese Super League (CSL) club Shanghai SIPG ပိုင်သည့် Shanghai International Port Group ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး CFA ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးအဖွဲ့ အကြီးအကဲအဖြစ် ယခုနှစ် မေလကတည်းက လုပ်ကိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် CFA ဒုတိယဥက္ကဋ္ဌများအဖြစ် သုကျောက်ချိုင် (Du Zhaocai) ၊ ကောင်းဟုန်ပေါ် (Gao Hongbo) ၊ ဆွန်းဝင် (Sun Wen) တို့အား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

CEA ၏ ဥက္ကဋ္ဌအသစ်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင် ၃၅ ဦးပါ အမှုဆောင်ကော်မတီသစ်အား CSL ကလပ်၊ မီဒီယာ၊ စာသင်ကျောင်းများ၊ ပြည်တွင်း ဘောလုံးအသင်းများနှင့် အခြား ဘောလုံးနှင့် ဆက်စပ်သော နယ်ပယ်များမှ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)