Connect with us

Sport

Military World Games ကျေးရွာတွင် အားကစားသမား ၄,၀၀၀ ကျော် စခန်းချ

ကြိမ်မြောက် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားကောင်စီ (CISM) Military World Games အားကစားသမားများ ကျေးရွာတွင် အားကစားသမားများ လေ့ကျင့်နေကြပုံများနှင့် ကျေးရွာမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားကောင်စီ (CISM) အဖွဲ့ဝင်နိုင်ငံ ၈၇ နိုင်ငံမှ အားကစားသမား၊ နည်းပြနှင့် အဖွဲ့တာဝန်ရှိသူ ၄, ၃၉၉ ဦး တို့သည် တရုတ်နိုင်ငံရှိ Military World Games အားကစားသမားများကျေးရွာ၌ အောက်တိုဘာ ၁၆ ရက်တွင် စခန်းချလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်တွင် ဖွင့်လှစ်မည့် ၇ ကြိမ်မြောက် Military World Games သည် ကမာ္ဘ့အကြီးဆုံး ပွဲတစ်ခုဖြစ်လာမည်ဖြစ်ပြီး ၁၀ ရက်ကြာပြုလုပ်မည့် အဆိုပါပွဲသို့ အားကစားသမား၊ နည်းပြ၊ အဖွဲ့တာဝန်ရှိသူနှင့် ထောက်ပံ့ပေးသည့်ဝန်ထမ်း စုစုပေါင်း ၁၀, ၀၀၀ ဦးခန့် တက်ရောက်မည်ဖြစ်သည်။

ကျေးရွာ ကျန်းမာရေးဝန်ဆောင်မှုစင်တာတွင် ဒေသခံ ဆေးရုံမှ ဆရာဝန် ၁၁၂ ဦးအား တာဝန်ခွဲခန့်ထားပြီး အပ်စိုက်ကုထုံးများ၊ ဆေးဘက်ဆိုင်ရာနှင့် အရေးပေါ် ဝန်ဆောင်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးခြင်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)