Connect with us

Sport

အထူးအိုလံပစ်အားကစားပြိုင်ပွဲ ရေကူးပြိုင်ပွဲကွင်းတွင် မိမိကိုယ်ကိုယုံကြည်မှုရှိနေသော အားကစားသမား စွန်းယွီလျန့်

တရုတ်နိုင်ငံတွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် မသန်စွမ်းသူများ အမျိုးသား အားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အမျိုးသား အထူးအိုလံပစ် အားကစားပြိုင်ပွဲအတွင်း စွန်းယွီလျန့်က ၎င်းရရှိထားသော ရွှေတံဆိပ်ဆုပြား ၅ ခုအား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကျန်းမိန် (ကွမ်တုန်း)၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် မသန်စွမ်းသူများ အမျိုးသား အားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အမျိုးသား အထူးအိုလံပစ် အားကစားပြိုင်ပွဲ၏ ရေကူးပြိုင်ပွဲကွင်းတွင် စိတ်အားထက်သန်၍ တက်ကြွသည့် အားကစားသမားတစ်ဦး ရှိနေသည်။ ၎င်းသည် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသအဖွဲ့မှ ပြိုင်ပွဲဝင် စွန်းယွီလျန့်ပင်ဖြစ်သည်။ပြိုင်ပွဲကွင်းတွင် စွန်းယွီလျန့်၏ စွမ်းရည်နှင့် စိတ်အားထက်သန်မှုကြောင့် ၎င်းက အများအာရုံကို ဖမ်းစားနိုင်ခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲနှင့် လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ၎င်းက စုစုပေါင်း ရွှေတံဆိပ်ဆု ၅ ဆု ဆွတ်ခူးရရှိထားသည်။

တရုတ်နိုင်ငံတွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် မသန်စွမ်းသူများ အမျိုးသား အားကစားပြိုင်ပွဲနှင့် ၉ ကြိမ်မြောက် အမျိုးသား အထူးအိုလံပစ် အားကစားပြိုင်ပွဲတွင် အမျိုးသား ၂၂ နှစ်မှ ၂၉ နှစ် အုပ်စု မီတာ ၅၀ အလွတ်ကူး ပထမအဖွဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားပြီးနောက် ရွှေတံဆိပ်ဆုရှင် စွန်းယွီလျန့် (ဝဲဘက်) နှင့် ၎င်း၏မိခင်ဖြစ်သူတို့ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ပွဲကွင်းထဲ ဝင်ရောက်လာချိန်တွင် ၎င်းက အမြဲလက်နှစ်ဖက်မြှောက်၍ ပရိသတ်များကို နှုတ်ဆက်လေ့ရှိသည်။ ပြိုင်ပွဲအတွင်း တာဝင်၍ ရေကူးကန်ဘောင်နှင့်ထိပြီးချိန်တွင် ၎င်းက ပထမဆုံး ပရိသတ်နှင့် ဒိုင်လူကြီးကို နှုတ်ဆက်ပြီး အောင်နိုင်မှု၏ ပျော်ရွှင်မှုများကို မျှဝေလေ့ရှိသည်။

စွန်းယွီလျန်သည် ငယ်စဉ်ကတည်းက အော်တစ်စင်ကလေးငယ်အဖြစ် အတည်ပြုခံခဲ့ရသော်လည်း ၎င်းသည် အားကစားအပေါ် စိတ်အားထက်သန်မှု အပြည့်ပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စွန်းယွီလျန့်သည် ဟူးဟော့ အထူးအိုလံပစ်အားကစား မြန်နှုန်းမြင့် ရေခဲစကိတ်စီးအဖွဲ့တွင် လေ့လာသင်ယူ၍ စနစ်တကျလေ့ကျင့်မှု စတင်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ၎င်းက မြန်နှုန်းမြင့် ရေခဲစကိတ်စီး၊ ပြေးခုန်ပစ်နှင့် ရေကူး အားကစားနည်းများတွင် အဆက်မပြတ်ထိုးဖောက်မှုများ ရရှိခဲ့သည်။ အားကစားအပေါ် ချစ်မြတ်နိုးမှုနှင့် စွဲမြဲခိုင်မာစွာလုပ်ဆောင်မှုကြောင့် စွန်းယွီလျန့်သည် အောင်မြင်မှုဂုဏ်ပုဒ်များရရှိခဲ့ပြီး ၎င်းက ပိုမိုယုံကြည်ချက်ရှိကာ ပွင့်လင်းတက်ကြွလာခဲ့ပေသည်။ (Xinhua)

————————————
(Chinese Version)
(体育·图片故事)孙宇亮:特奥游泳赛场上的自信男孩
新华社照片,江门(广东),2025年12月15日
在全国第十二届残疾人运动会暨第九届特殊奥林匹克运动会特奥游泳赛场,有一位热情开朗的运动员,他是内蒙古队选手孙宇亮。
赛场上孙宇亮的实力与热情使他备受瞩目:在个人和接力项目共获得五枚金牌,入场时他会高举双手与观众互动;触壁后他第一时间向观众和裁判致意,分享胜利喜悦。
孙宇亮自幼被确诊为孤独症,但他对运动充满热爱。2016年孙宇亮进入呼和浩特特奥冰轮速滑队学习,开始系统性训练。随后,他在速滑、田径和游泳项目上不断取得突破。对运动的热爱与坚持,让孙宇亮收获了荣誉,让他变得更加自信、开朗。
图说1:12月14日,孙宇亮展示本届赛会获得的五枚金牌。 新华社记者 伍志尊 摄
图说2:12月12日,孙宇亮(左)和母亲在男子22-29岁组50米自由泳第1组颁奖仪式后合影,孙宇亮在比赛中获得冠军。 新华社记者 伍志尊 摄
图说3:12月12日,孙宇亮在男子22-29岁组50米自由泳第1组颁奖仪式后展示金牌。新华社记者 伍志尊 摄