Sport
အထူးကြပ်မတ်ဆောင်မှ မီလန်အားကစားပွဲသို့ – စကိတ်စီးခြင်းကို နှစ်နှစ်ကာကာ မြတ်နိုးမှုဖြင့် တရုတ်နိုင်ငံမှ ယန်ပင်းယွီ၏ ပထမဆုံး အိုလံပစ်အားကစားပွဲယှဉ်ပြိုင်မှု
မီလန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
ဒဏ်ရာအိပ်မက်ဆိုးမှ နိုးထလာပြီးနောက် ရေခဲပြင်ပေါ်တစ်ဖန်ပြန်လည်တက်လှမ်းလိုက်ခြင်းက ၎င်းအတွက် စကိတ်စီးအားကစားအပေါ် နှစ်နှစ်ကာကာ မြတ်နိုးမှုကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်စေခဲ့သည်ဟု တရုတ်နိုင်ငံမှ စကိတ်စီးအားကစားသမား ယန်ပင်းယွီက ဆင်ဟွာကို ဖေဖော်ဝါရီ ၇ ရက်၌ ပြောကြားခဲ့သည်။ယန်သည် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအားကစားပွဲတွင် မီတာ ၃,၀၀၀ အမျိုးသမီး မြန်နှုန်းမြင့်စကိတ်စီးပြိုင်ပွဲတွင် ပထမဆုံး အိုလံပစ်ပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အချိန် ၄ မိနစ် ၇.၆၂ စက္ကန့်ဖြင့် အောင်မြင်ခဲ့ရာ ယမန်နှစ် ဟားအယ်ပင်းမြို့၌ ကျင်းပသည့် အာရှဆောင်းရာသီအားကစားပွဲတွင် ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည့် စံချိန်ထက်ပင် ပိုမိုသာလွန်ခဲ့သည်။“ပထမဆုံးအိုလံပစ်အတွေ့အကြုံက တော်တော်လေးကို တန်ဖိုးရှိတာတွေ သင်ယူလိုက်ရတယ်” ဟု ယန်က ဆိုပြီး ဆက်လက်တိုးတက်မှုရှိစေရန်နှင့် အနာဂတ်တွင် ဥရောပစကိတ်စီးသမားများကို ကျော်လွန်နိုင်အောင် ကြိုးစားရန် စိတ်ဓာတ်ခွန်အားရရှိစေခဲ့သည်ဟု ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၌ ဓာတ်ပုံရိုက်ကူးရန် ကိုယ်ဟန်ပြနေသော ယန်ပင်းယွီကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီလန်ရေခဲပြင်တွင် ပထမဆုံး တရုတ်နိုင်ငံမှ စကိတ်သမား ခြေချသူဖြစ်သော်ငြားလည်း ယန်အနေဖြင့် ထွေထွေထူးထူး စိတ်ဖိစီးမှုမခံရဟု ဆိုသည်။ “ဖိအားဆိုတာ စိတ်ဓာတ်ခွန်အားတစ်မျိုးပါပဲ။ ရှေ့ဆက်တိုးရမယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောလိုက်သလိုပါပဲ။ ကျွန်မကတော့ ကိုယ်ပိုင်ဗျူဟာကိုပဲ တစ်ချိန်လုံး အာရုံစိုက်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/939
……………………………………..
(English Version)
From ICU to Milan oval: China’s Yang Binyu makes Olympic debut driven by pure love for skating
MILAN, Feb. 8 (Xinhua) — Stepping back onto the ice after a nightmare injury gave her a clearer understanding of why she wanted to skate – out of a pure love for the sport, Chinese speed skater Yang Binyu told Xinhua on Saturday.
Yang made her Olympic debut in the women’s 3,000m speed skating event at the Milan-Cortina 2026 Winter Games on Saturday, finishing 17th with a time of four minutes and 7.62 seconds, which bettered her gold-medal performance at last year’s Asian Winter Games in Harbin.
“The first experience at the Olympics is a valuable learning opportunity,” Yang said, adding that it would motivate her to continue improving and to try surpassing more European skaters in the future.
As the first Chinese speed skater to have stepped onto the Milan ice, Yang, however, didn’t feel overly stressed. “Pressure is motivation. It’s like telling myself to keep fighting. What I focus on all the time is executing my own strategy,” she said. xhtxs.cn/939
Photo 1: Yang Binyu of China competes during the speed skating women’s 3,000m final of the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 7, 2026. (Xinhua/Li Jing)
Photo 2: Yang poses for photos during the award ceremony after winning the women’s team pursuit at the 9th Asian Winter Games in Harbin, northeast China’s Heilongjiang Province, Feb. 11, 2025. (Xinhua/Li Yibo)
Photo 3: Yang in action during the speed skating women’s 3,000m final of the Milan-Cortina 2026 Olympic Winter Games, Feb. 7, 2026. (Xinhua/Du Xiaoyi)
