ပေကျင်း ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီပြိုင်ပွဲတွင် ပါဝင်သည့် စုစုပေါင်းအားကစားသမား၏ ၄၅ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးအားကစားသမားများ ဖြစ်ကြောင်း ၊ ယခင်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲများထက် ပိုမိုများပြားကြောင်း နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။
YANQING ၊ ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၆ ရက်( တနင်္ဂနွေနေ့)တွင် ကျင်းပရန်ရှိသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတောင်စောင်းနှင်းလျှောစီးပြိုင်ပွဲကို ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂၀၀၀ အသင်းလိုက်လက်ဆင့်ကမ်း စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များက “Bird’s Nest”ဟု လူသိများသည့် အမျိုးသားအားကစားရုံ၌ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကျင်းခဲ့သည့် ၂၄ ကြိမ်မြောက် အိုလံပစ်ဆောင်းရာသီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ချီးကျူးခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့ရှိ အမျိုးသားအားကစားရုံတွင် ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) ညပိုင်းတွင် ပြုလုပ်သော ပေကျင်း ၂၀၂၂ အိုလံပစ် ဆောင်းရာသီအားကစားပွဲများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua) ………………………………………… (English...
မော်စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ပေကျင်း ၂၀၂၂ အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီ အားကစားပြိုင်ပွဲများတွင် ရုရှားနိုင်ငံမှ ရွှေတံဆိပ်ဆုရရှိသူတစ်ဦးချင်းစီအနေဖြင့် ရူဘယ် ၄ သန်း (အမေရိကန်ဒေါ်လာ ၅၂,၄၀၀ ခန့်) ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mikhail Mishustin က ဖေဖော်ဝါရီ ၃...
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး သီရိဒုံနှင့် ဖေဖော်ဝါရီ ၄ ရက်က ကျောက်ယုထိုင်နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ယနေ့သည်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) မကြာမီ ကျင်းပတော့မည့် ၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲကို အမေရိကန် သမ္မတ ဘိုင်ဒန်က ကြည့်ရှုရန် အစီအစဉ်ရှိကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psakiက ဖေဖော်ဝါရီ ၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။ “ဟုတ်ကဲ့၊ သေချာတာပေါ့၊ ကျွန်တော်တို့ အားလုံး ကြည့်မှာပါ”ဟု...
ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၃ ရက်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ၁၃၉ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ဗွီဒီယို အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ သမ္မတရှီကျင့်ဖိန်က အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bachနှင့်ကော်မတီအဖွဲ့ဝင်အသီးသီးအား တရုတ်နှစ်ကူး နွေဦးပွဲတော်အခါသမယတွင်...
ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၄ ရက်တွင် အမျိုးသားအားကစားရုံ၌ ကျင်းပပြုလုပ်မည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီကျင့်ဖိန်ပ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် “အားကစားပြိုင်ပွဲဖွင့်လှစ်”...