ပေကျင်း၊နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် ဂရိနိုင်ငံအနောက်ပိုင်း ရှေ့ခေတ်အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရာ အိုလံပီယာမြို့၌ ထွန်းညှိထားသော အိုလံပစ်မီးတောက်သည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အိုလံပစ်မီးတောက်ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားကို ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲ၏...
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၂၂ ပေကျင်း ဆောင်းရာသီအားကစားပွဲများအတွက် အိုလံပစ်မီးရှူးတိုင်သည် ဂရိနိုင်ငံ အေသင်မြို့မှ တရုတ်နိုင်ငံ မြို့တော် ပေကျင်းသို့ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ပေကျင်းမာရသွန်အပြေးပြိုင်ပွဲအား ယခု အောက်တိုဘာလ ၃၁ ရက် နံနက် ၇ နာရီခွဲအချိန်တွင် စတင်ကျင်းပသွားမည် ဖြစ်ကြောင်း ကျင်းပရေးကော်မတီက အောက်တိုဘာ ၃ ရက်တွင် အတည်ပြုခဲ့သည်။
စူးကျိုး ၊ တရုတ်နိုင်ငံ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)သို့ နိုင်ငံရွှေ့ပြောင်းရွှေ့ကျင်းပမည့် FIFA ကမ္ဘာ့ဖလား ခြေစစ်ပွဲသုံးပွဲကို အနိုင်ရရှိရန် ရည်မှန်းထားကြောင်း တရုတ်လက်ရွေးစင်အသင်း နောက်ခံကစားသမား Wang Shenchao က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဟန်ကျိုး၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်အတွက် စေတနာ့ဝန်ထမ်းများခေါ်ယူရန် ကမ္ဘာလုံးဆိုင်ရာ လူသစ်စုဆောင်းခြင်းကို မေ ၂၂ ရက်၌ ကျင်းပသော အခမ်းအနား၌ စတင်လိုက်ကြောင်း သိရသည်။ ဟန်ကျိုး အာရှအားကစားပွဲတော် ဖြစ်မြောက်ရေးကော်မတီ (HAGOC) အနေဖြင့်...
ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှီးအန်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၁၄ ကြိမ်မြောက် အမျိုးသားအားကစားပွဲများအတွက် အားကစားနေရာများတည်ဆောက်မှုသည် အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး စီမံကိန်းနေရာ ၈ ခုကို စီစဉ်ထားသည့်အတိုင်း ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ဆယ်ကျော်သက်လူငယ်များအကြား ဂိမ်းစွဲလမ်းခြင်းကို ကာကွယ်တားဆီးရန် စက်တင်ဘာလမတိုင်မီ အွန်လိုင်းဂိမ်းများအတွက် နာမည်စစ်မှန်ကြောင်း အထောက်အထားပြသသည့် စနစ်တစ်ခုကို စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၃ AFC အာရှဖလားအတွက် အသုံးပြုရန် ဘောလုံးကွင်း ၆ ကွင်းကို တည်ဆောက်နေပြီဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ပြင်ဆင်ရေးရုံးက ဇူလိုင် ၁၀ ရက်တွင် ပြောကြားလိုက်သည်။