Connect with us

ASEAN

အီရန်နိုင်ငံသား ၁၀ သန်းကျော် ကို  COVID-19 ရောဂါ ရှိမရှိ စစ်ဆေးပေးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနဆို

အီရန်နိုင်ငံ တီဟီရန် မြို့တွင် နှာခေါင်းစည်းတပ် သွားလာနေသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) 

အီရန်နိုင်ငံ ရှိ ပြည်သူပေါင်း ၁၀ သန်းကျော် တွင်  COVID-19 ရောဂါ လက္ခဏာ ရှိမရှိကို စစ်ဆေး ပေးခဲ့သည် ဟု  အီရန် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာပညာရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာနက မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

 ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး အလီရာဇာ ရာအီဆီက ပြည်သူများတွင် COVID- 19 ရောဂါ ကို ့် ၄ ရက်ကြာ စစ်ဆေးပေးခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ “လူပေါင်း ၆.၅ သန်းကို ကျန်းမာရေးစင်တာ တွေမှာ တစ်ယောက်ချင်းစီ စစ်ဆေးခဲ့တာဖြစ်ပြီးလူပေါင်း ၃.၇ သန်းကိုတော့ အွန်လိုင်းပလက်ဖောင်းတွေက တစ်ဆင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါ အတည်ပြူ လူနာ ၉၀၀ ကျော် တွေ့ရှိခဲ့တာကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးလျှက်ရှိကြောင်း”ရာအီဆီက ဆိုသည်။ 

ထို့အပြင်ပြည်သူများကိုလည်း ၎င်းတို့၏ ရောဂါလက္ခဏာများကို အွန်လိုင်းမှ တစ်ဆင့် သတင်း ပေးပို့ကြရန် ဒုဝန်ကြီးက တိုက်တွန်းထားသည်။ က်ရှိအချိန်တွင် မတ်လ ၁၅ ရက်အထိ အီရန်နိုင်ငံ၌ လူပေါင်း ၁၃၉၃၈ နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၄ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။ (Xinhua)