Connect with us

ASEAN

မလေးရှားနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် တင်းကြပ်သော အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဟု ကြေညာ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ စားသောက်ဆိုင် တစ်ခုတွင် မတ် ၁၆ ရက်က တီဗွီမှ ထုတ်လွှင့်သော ဝန်ကြီးချုပ်မိန့်ခွန်းအား ကြည့်ရှုနားထောင်နေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

မလေးရှား နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှု အနေဖြင့် ခရီးသွားလာခြင်းအား တားမြစ်မှုများ ၊  စာသင်ကျောင်းများနှင့်ဈေးဆိုင်များ ပိတ်ခြင်း အပါအဝင် တင်းကြပ်သော အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဟု မတ် ၁၆ ရက်တွင် မလေးရှား နိုင်ငံ ဝန်ကြီးချုပ် မူရီဒင်ယာစင် (Muhyiddin Yassin)က ကြေညာခဲ့သည်။

မလေးရှား နိုင်ငံ ဝန်ကြီးချုပ် မူရီဒင်ယာစင်က “အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ခြိမ်းခြောက်နေတဲ့ အချိန်မှာ အစိုးရက ဒီအခြေအနေကို အလေးအနက်ထားပါတယ်။”ဟု ပြောကြားခဲ့ပြီး အစိုးရ၏ ဦးစားပေးလုပ်ငန်းမှာ လူအများအပြားသို့ ထပ်မံ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးရန် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အဆိုပါ ဆောင်ရွက်သွားမည့် အစီအမံများထဲတွင် နိုင်ငံအနှံ့ ဘာသာရေး ၊ အားကစား ၊ လူမှုရေး နှင့် ယဉ်ကျေးမှု လှုပ်ရှားဆောင်ရွက်မှု များ နှင့် လူစုလူဝေး ပြုလုပ်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။သို့သော် အဆိုပါ တားမြစ်ချက်များထဲတွင် လူအများ မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများကို ဝယ်ယူရန် ဈေးဆိုင်များ နှင့် ဈေးဝယ်စင်တာများ မပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဈေးဝယ်စင်တာများ၌ ဈေးဝယ်ယူနေမှုများအား မတ် ၁၇ ရက် အစောပိုင်းက တွေ့ရစဉ်(ဆင်ဟွာ) 

ယင်းအစီအမံများသည် မတ် ၁၈ ရက်မှ မတ် ၃၁ ရက် အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် မူရီဒင်ယာစင် က ပြောကြားခဲ့သည်။ ယခု ကြေညာချက်သည် ပြီးခဲ့သော ရက်အနည်းက မလေးရှား နိုင်ငံ၌ ရုတ်တရက် ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခဲ့ပြီး နောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။မလေးရှားနိုင်ငံ၌ မတ် ၁၆ ရက်တွင် ရောဂါအတည်ပြု ဖြစ်ပွားသူ လူနာသစ် ၁၂၅ ဦး ရှိခဲ့သည့် အတွက် နိုင်ငံအတွင်း ရောဂါ ဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ ၅၅၃ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။ 

မလေးရှား နိုင်ငံ ဝန်ကြီးချုပ် မူရီဒင်ယာစင်က တရုတ်နိုင်ငံကဲ့သို့ အောင်မြင်မှုများ ရရှိရန် ပြည်သူလူထု အနေဖြင့် ကန့်သတ်မှုများကို လိုက်နာရန် တိုက်တွန်းခဲ့ပြီး အခြေခံ လိုအပ်ချက်များ ဖြစ်သည့် နှာခေါင်းစည်းများကဲ့သို့ ကျန်းမာရေး အကာအကွယ် ပေးသည့် ပစ္စည်းများ နှင့် စားနပ်ရိက္ခာ အလုံအလောက် ရှိကြောင်း ပြောကြားခဲ့သည်။သို့သော် အဆိုပါ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဈေးဝယ်စင်တာများ၌ အထိပ်တလန့် ဈေးဝယ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ (Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.