Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၆၄၉ ဦး ရှိပြီး သေဆုံးသူ ၁၃ ဦးထိ ရှိလာ

အိန္ဒိယ နိုင်ငံ kochi မြို့ရှိ လမ်းပေါ်တွင် ရဲများက ဆိုင်ကယ်စီးနင်းသူများအား စစ်ဆေးနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ မတ် ၂၆ ရက် နံနက်ပိုင်းအထိ COVID – 19 ရောဂါ ကြောင့် သေဆုံးသူ ၁၃ ဦးထိ မြင့်တက်လာခဲ့ပြီး ယခုအချိန်ထိ နိုင်ငံအတွင်း အတည်ပြု လူနာ ၆၄၉ ဦး ရှိနေကြောင်း အိန္ဒိယ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့် ဆက်စပ်၍ သေဆုံးသူ ဦးရေမှာ ၁၃ ဦးထိ ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်ခဲ့သည်။အိန္ဒိယ နိုင်ငံတစ်ဝှမ်းလုံးတွင် COVID – 19 ရောဂါ အတည်ပြု လူနာ ၆၄၉ ဦး ရှိပြီး ၎င်းတို့အနက် ၆၀၉ ဦးမှာ အိန္ဒိယ နိုင်ငံသားများ ဖြစ်ကာ ကျန် ၄၇ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း ဝန်ကြီးဌာက ဆိုသည်။ 

COVID – 19 ရောဂါ ပြန်လည်သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသည့် လူနာ ၄၃ ဦး ရှိခဲ့ကြောင်း နှင့် ယခုအခါ အိန္ဒိယ နိုင်ငံ၌ ရောဂါဖြစ်ပွားနေဆဲ့ လူနာ အရေအတွက် ၅၉၃ ဦး ရှိကြောင်း သိရသည်။မဟာရပ်ထရ(Maharashtra)ပြည်နယ်၌ ရောဂါဖြစ်ပွားသူ အများဆုံးဖြစ်ပြီး ၁၂၄ ဦးထိ ရှိခဲ့ကြောင်း ၊ ဒုတိယ အများဆုံးမှာ ကီရာလာ(Kerala)ပြည်နယ် ဖြစ်ပြီး ၁၁၈ ဦး ထိ ရှိခဲ့ကြောင်း သိရသည်။  

မဟာရပ်ထရပြည်နယ်၌ COVID-19 ရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ သုံးဦး ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံ၌ အများဆုံးသေဆုံးသည့် ပြည်နယ်ဖြစ်ခဲ့သည်။  အိန္ဒိယ နိုင်ငံ အစိုးရက မတ် ၂၅ ရက်မှ စတင်၍ နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ် ပြန့်နှံ့မှုအား ထိန်းချုပ်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်း ၂၁ ရက်အကြာ lockdown ချမှတ်ခဲ့ကြောင်း ၊ အာဏာပိုင်များက လူများ သွားလာလှုပ်ရှားမှုကို တားဆီးရန် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကဲ့သို့သော ကန့်သတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။  အဆိုပါ lockdown အစီအမံကြောင့် မရှိမဖြစ်လုပ်ဆောင်ရန် လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများမှလွဲ၍ ကားလမ်း ၊ ရထားလမ်း နှင့် လေကြောင်းလမ်းပို့ဆောင်မှုများ အားလုံးရပ်နားထားခဲ့ရကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.