Connect with us

ASEAN

ဗီယက်နမ် နိုင်ငံ၌ COVID-19 လူနာ နှစ်ဦး ထပ်မံ သက်သာလာ 

ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ လူနာ နှစ်ဦး ထပ်မံ သက်သာပျောက်ကင်းသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၆၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခု ရောဂါသက်သာပျောက်ကင်းသွားသူ နှစ်ဦးလုံးမှာ ဗီယက်နမ်လူမျိုးများ ဖြစ်ကြပြီး ၎င်းတို့သည် မလေးရှား နိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ဟု အတည်ပြုခြင်းခံခဲ့ရသည်။ရောဂါပျောက်ကင်းပြီးဖြစ်သော်လည်း ၎င်းတို့အား ထပ်မံ၍ ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်ကုသမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ 

ဗီယက်နမ် နိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၂၁၂ ဦး ရှိပြီး ဧပြီ ၁ ရက် အထိ COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသေးကြောင်း ၊ သံသယ လူနာ ၃၂၁၅ ဦးအား စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ထားရှိပြီး လူပေါင်း ၇၅,၀၀၀ ကျော်အား ဆေးဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)