Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၇ သိန်းကျော်ထိရှိလာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အားကစားရုံတစ်ခုအား ယာယီဆေးရုံအဖြစ် ပြုပြင်တည်ဆောက်ထားသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

နယူးဒေလီ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 အတည်ပြုလူနာအရေအတွက်သည် ၇ သိန်းကျော်ရှိလာပြီး သေဆုံးသူအရေအတွက် ၂ သောင်းကျော်ထိရောက် ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၇ ရက်က ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 

ကိန်းဂဏန်းများအရ အိန္ဒိယနိုင်ငံတွင် အသစ်ထပ်တိုး အတည်ပြုလူနာ ၂၂,၂၅၂ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၇၁၉,၆၆၅ ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၄၆၇ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၂၀,၁၀၆ ဦး၊ စုစုပေါင်းရောဂါသက်သာပျောက်ကင်းလာသူ ၄၃၉,၉၄၈ ဦး ရှိကြောင်း သိရသည်။ ယခုရက်ပိုင်းများတွင် အိန္ဒိယနိုင်ငံ၏ တစ်ရက်အတွင်း အသစ်ထပ်တိုးရောဂါ ကူးစက်သူသည် ၂ သောင်းကျော်ရှိရာ ၄ ရက်အတွင်း လူပေါင်း ၁ သိန်းခန့်ကူးစက်ခဲ့ကြောင်းသိရသည်။ အိန္ဒိယ မီဒီယာများ၏ ခန့်မှန်းချက်အရ လာမည့် ၁၀ ရက်တွင်း ရောဂါကူးစက်မှုအရေအတွက်သည် ၁ သန်း ကျော်နိုင်ကြောင်း ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ  အိန္ဒိယနိုင်ငံသည် အာရှတွင် စုစုပေါင်း အတည်ပြုလူနာအရေအတွက်အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အားကစားရုံတစ်ခုအား ယာယီဆေးရုံအဖြစ် ပြုပြင်တည်ဆောက်ထားသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် အားကစားရုံတစ်ခုအား ယာယီဆေးရုံအဖြစ် ပြုပြင်တည်ဆောက်ထားသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မဟာရာရှ်ထရာပြည်နယ်၊ မဒရပ်ပြည်နယ်နှင့်မြို့တော် နယူးဒေလီ၏ စုစုပေါင်းအတည်ပြုလူနာအရေအတွက်သည် အိန္ဒိယတစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင်ပင် ဂူဂျာရတ်ပြည်နယ် ၊ဥတ္တရာပရာဒက်ရှ်ပြည်နယ် ၊ အနောက်ဘန်ဂေါပြည်နယ်များ၏ တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက်သည် လျင်မြန်စွာမြင့်တက်လျက်ရှိရာ ကပ်ရောဂါ၏ အဓိကနေရာသစ်များဖြစ်လာနိုင်ကြောင်း သိရသည်။ 

လက်ရှိ ကပ်ရောဂါအခြေအနေဆိုးဝါးသည့်ဒေသများတွင် င်းကျပ်သည့်ရောဂါကာကွယ်ထိန်းချုပ်ရေးများလုပ်ကိုင်ဆောင်ရွက်နေခြင်းမှလွဲ၍  ဒေသအများစုတွင် ပိတ်ဆို့ဖြေလျှော့မှု လုပ်ငန်းများ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း  အိန္ဒိယသို့ သွားလာမည့် နိုင်ငံတကာ စီးပွားဖြစ်လေကြောင်းလိုင်းများကို ဇူလိုင် ၃၁ ရက်အထိ ပိတ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.