Connect with us

ASEAN

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေလင့်ကစား ဂျကာတာ-ဘန်ဒေါင်း ရထားလမ်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေ

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ အမှတ် ၁ ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ရှိနေလင့်ကစား အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီက လက်ရှိအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းများသည် ပြည်သူများ၏ စီးပွားရေးကို တိုက်ရိုက်မြှင့်တင်ရေး နှင့် အမျိုးသားစီးပွားရေး ပြန်လည်ထူထောင်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

 

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ အမှတ် ၁၀ ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း၏ အမှတ် ၁၀ ဥမင်လိုဏ်ခေါင်းအား တူးနေကြသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ) 

 

အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ဥမင်လိုဏ်ခေါင်း ၁၃ ခုနှင့်အတူ စုစုပေါင်း လမ်းအရှည် ၁၄၂ ဒသမ ၃ ကီလိုမီတာ ရှိပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ထိ မြန်နှုန်းမြင့်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ၊ စတင်အသုံးပြုချိန်တွင် ဂျကာတာမှ ဘန်ဒေါင်းအထိ အသွားအပြန်ကြာချိန်သည် သုံးနာရီကျော် မှ မိနစ် ၄၀ သို့ လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံ၌ ဇူလိုင် ၂ ရက်အထိ COVID-19 ရောဂါအတည်ပြုလူနာ ၅၇,၇၇၀ ဦး ရှိပြီး ၂၉၃၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.