Connect with us

ASEAN

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးကို မလေးရှားနိုင်ငံတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ ပြုလုပ်မည်ဟု မလေးရှား ဝန်ကြီးချုပ် ပြောကြား

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ Cheras မြို့နယ်၊ Pudu Wet Market တွင် ကလေးငယ်တစ်ဦးအား COVID-19 ရောဂါစစ်ဆေးနေစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လာမည့်လတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် မူဟစ်ဒင်ယာစင် (Muhyiddin Yassin) က နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ Institute of Medical Biology Chinese Academy of Medical Sciences (IMBCAMS) က ထုတ်လုပ်ထားသော ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှုအဆင့်-၃ စတင်သွားမည် ဖြစ်ကြောင်း မူဟစ်ဒင်က ဆိုသည်။

“ကာကွယ်ဆေး၏ ဘေးကင်းမှုနှင့် အစွမ်းထက်မှုကို အကဲဖြတ်ရန် လက်တွေ့စမ်းသပ်မှုတွင် စုစုပေါင်း လူဦးရေ ၃,၀၀၀ ပါဝင်မှာဖြစ်ပါတယ်” ဟု မူဟစ်ဒင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး အဆိုပါ လေ့လာမှုကို ဒီဇင်ဘာလတွင် စတင်သွားနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဖြည့်စွက်ပြောခဲ့သည်။

“မလေးရှားမှာ လက်တွေ့စမ်းသပ်မှုသုတေသန အဆင့်-၃ လုပ်ဆောင်ဖို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ့် IMBCAMS ကို အလွန်ကျေးဇူးတင်ကြောင်း မလေးရှားအစိုးရက ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုလအစောပိုင်းတွင် မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံ အစိုးရများသည် COVID-19 ကာကွယ်ဆေး ဖော်ထုတ်ရေးနှင့် အသုံးပြုခွင့်ရရှိရေး၌ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

တရုတ်နှင့် မလေးရှား နှစ်နိုင်ငံအနေဖြင့် တက္ကသိုလ်များ၊ လူမှုအဖွဲ့များနှင့် အဖွဲ့အစည်းများ အပါအဝင် အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍများအား ပူးတွဲဆောင်ရွက်မှု စီမံကိန်းများတွင် ၎င်းတို့၏ပါဝင်မှုကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.