Connect with us

ASEAN

ထိုင်းနိုင်ငံ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒေသတွင်း ကူးစက်မှု ၅၁၆ ခု တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက် ကပ်ရောဂါထိန်းချုပ်ရေးစင်တာ ဝန်ထမ်းများက ကိုဗစ်လူနာတွေ့ရှိရာ အဆောက်အဦအနီးတွင် စစ်ဆေးမှုများပြုလုပ်နေသည်ကို ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ )

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄၈ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၅၁၆ ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်း(Samut Sakhon)ပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုနှင့်ဆက်စပ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။

၎င်းမှာ ထိုင်းနိုင်ငံ၌ ယခုနှစ် နှစ်ဆန်း ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးတွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။စမွတ်စခွန်းပြည်နယ်ရှိ ပင်လယ်စာအရောင်းဈေးတစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက်က ပထမဆုံး ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှု တစ်ခု စတင်တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ ဌာနများက လုပ်ထုံးလုပ်နည်းများအတိုင်း လူပေါင်း ၁,၁၉၂ ဦးအား သီးခြားခွဲထား၍ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း Opasက ယင်းနေ့ညပိုင်း ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်တွင် ပင်လယ်စာအရောင်းဈေး နှင့်သက်ဆိုင်သော အတည်ပြုလူနာ ၅၁၆ ဦးတိုးလာရာ အများစုမှာ လက္ခဏာမပြကူးစက်သူများ ဖြစ်ကြောင်း သိရသည်။
ရောဂါကူးစက်မှုတွေ့ရှိသည့် ယင်းဈေးနေရာကို ဒီဇင်ဘာ ၁၉ ရက်မှစ၍ လာမည့်နှစ် ဇန်နဝါရီ ၃ ရက်အထိ ခေတ္တပိတ်နားထားကြောင်း Opasက ဆိုသည်။

ကူးစက်မှု အများစုသည် ပြည်ပလုပ်သားများဖြစ်ပြီး လှုပ်ရှားသွားလာမှုများသည် ပင်လယ်စာဈေးနီးတွင် ဖြစ်ရာ အစိုးရအနေဖြင့် ယခုတစ်ကြိမ် ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယခုလအတွင်း စမွတ်စခွန်းပြည်နယ်မှလာသူများကို သီးခြားခွဲနေရန်နှင့် ကူးစက်မှုလက္ခဏာပြမပြ ဂရုပြုကြရန် အကြံပြုထားသည်။

ဒေသကပ်ရောဂါ အရေးပေါ်ထိန်းချုပ်ရေးအတွက် စမွတ်စခွန်းပြည်နယ်တွင် စာသင်ကျောင်း၊ ဈေးဝယ်စင်တာ၊ အားကစားခန်းနှင့် အားကစားရုံစသည့်နေရာများကို ပိတ်နားထားခြင်းအပါအဝင် လော့ခ်ဒေါင်း ၁၄ ရက်ချမည် ဖြစ်ကြောင်း ယင်း အုပ်ချုပ်ရေးမှူး Verasakက ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)

(国际疫情)泰国一海鲜市场激增516例本土感染病例

 新华社曼谷12月19日电(任芊 明大军)泰国卫生部疾控部门负责人奥巴19日说,泰国当天新增548例新冠确诊病例,其中516例与中部沙没沙空府一海鲜市场有关。这是泰国今年年初暴发疫情以来单日确诊病例最多的一天。

 奥巴当晚在电视新闻发布会上说,沙没沙空府一海鲜市场17日发现首个新冠本土感染病例,相关部门随后按照程序对1192人进行隔离和病毒检测。 
 19日新增516例与该海鲜市场有关的确诊病例,多数为无症状感染者。
  奥巴说,该海鲜市场自19日起暂时关闭至明年1月3日。由于绝大多数感染者是外籍劳工,且活动范围基本在海鲜市场附近,政府有信心控制住此次疫情。他同时建议,本月曾前往沙没沙空府的人员进行自我隔离,并留意是否有感染症状。

为紧急控制当地疫情,沙没沙空府府尹威拉萨19日宣布在该府实施14天“封城”措施,包括关闭学校、购物中心、健身房和体育馆等公共场所。(完)
图说:7月14日,泰国曼谷疾控中心工作人员在出现新冠疫情的居民楼附近检测环境。新华社发(拉亨 摄)