Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးထိ ရှိလာ

အိန္ဒိယနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အာခေါင်တို့ဖက်နမူနာရယူနေစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အိန္ဒိယနိုင်ငံ၌ ဗြိတိန်တွင် ခြေရာခံတွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၈ ဦးထိ ရှိလာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင်ပြောကြားခဲ့သည်။

“ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် စစ်ဆေးခဲ့ရာ နာမူနာစုစုပေါင်း ၃၈ ခုမှာ positive တွေ့ရှိခဲ့ပါတယ် ” ဟုဝန်ကြီးဌာနက ဆိုသည်။နယူးဒေလီမြို့မှ လူနာ ၁၉ ဦး ၊ ဘန်ဂလူရူမြို့(Bengaluru) မှ လူနာ ၁၀ ဦးတွင် အဆိုပါ ဗီဇပြောင်း COVID-19 ကူးစက်ခံထားရသည်ကိုတွေ့ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် Pune မြို့မှ ၅ ဦး နှင့် ဟိုက်ဒရာဘတ်မြို့တွင် ၃ ဦးကို ခြေရာခံမိပြီး ကျန်လူနာတစ်ဦးမှာ ကိုလ်ကတ္တားမြို့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အာခေါင်တို့ဖက်နမူနာရယူနေစဉ်(ဆင်ဟွာ)

အဆိုပါ positive နမူနာများအား အိန္ဒိယနိုင်ငံတစ်ဝန်းရှိ 10 SARS-CoV-2 ဇီဝကမ္မစစ်ဆေးမှု(INSACOG) ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့သည်။ အဆိုပါ လူနာများအားလုံးကို ဒေသဆိုင်ရာအစိုးရအဖွဲ့က စီစဉ်ထားသော သတ်မှတ် ကျန်းမာရေးစောင့်ရှောက်မှုနေရာအသီးသီးတွင် တစ်ခန်းစီသီးခြားခွဲ၍ ထားရှိပြီး ကုသမှုပေးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လမ်းသွားလမ်းလာများအားတွေ့ရစဉ်(ဆင်ဟွာ)

“ သူတို့နဲ့အနီးကပ် ထိတွေ့သူတွေကိုလည်း သီးခြားခွဲနေထိုင်မှု(quarantine) လုပ်ထားပါတယ်။ အတူတကွခရီးသွားခဲ့သူတွေ ၊ မိသားစုဝင်နဲ့ထိတွေ့ခဲ့သူတွေ ဒါ့ပြင် အခြားသူတွေကိုလည်း ဘက်စုံထောင့်စုံ ထိတွေ့မှု ခြေရာခံခြင်းကို ပြုလုပ်ထားပြီဖြစ်ပါတယ်” ဟုဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် အခြားနမူနာများအပေါ် မျိုးဗီဇ စစ်ဆေးမှုများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လမ်းသွားလမ်းလာများအားတွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သော ဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသလို တစ်ကမ္ဘာလုံးတွင်လည်း ခရီးသွားလာမှု ကန့်သတ်ချက်များ လုပ်ဆောင်လျက်ရှိသည်။ဗြိတိန်နိုင်ငံ၌ ဗီဇပြောင်း ကူးစက်မြန် COVID-19 ရောဂါပိုးသစ် တွေ့ရှိခဲ့ပြီးနောက်တွင် အိန္ဒိယနိုင်ငံအစိုးရသည် ပြီးခဲ့သော ရက်သတ္တပတ်မှစတင်ကာ ဗြိတိန်နိုင်ငံမှ အဝင်လေကြောင်းလိုင်းများကို ယာယီရပ်ဆိုင်းမှု ပြုလုပ်ခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ် လေးပတ်အတွင်း လေကြောင်းပျံသန်းမှု တားမြစ်ခဲ့သည့် ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သူ သို့မဟုတ် ဗြိတိန်လေကြောင်းလိုင်းအကူးအပြောင်း(transit) ပြုလုပ်ခဲ့သော ခရီးသည်များအားလုံးကို အနီးကပ်စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ရန် အိန္ဒိယအာဏာပိုင်များက အမိန့်ထုတ်ပြန်ခဲ့သည်။တစ်ချိန်တည်းမှာပင် အိန္ဒိယမှ ဗြိတိန်သို့ လေကြောင်း ပျံသန်းမှုကို ဒီဇင်ဘာ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဗြိတိန်မှ အိန္ဒိယသို့ အဝင်လေကြောင်းခရီးစဉ်ကို လာမည့် ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

———————————————————
(English Version)

Tally of mutant COVID-19 strain cases rises to 38 in India

NEW DELHI, Jan. 4 (Xinhua) — India’s health ministry said on Monday that 38 cases of mutant COVID-19 strain detected in Britain have been traced in the country.
“A total of 38 samples have been found to be positive with the new variant genome,” the ministry said.

As per the health ministry, 19 patients have been found in New Delhi followed by Bengaluru where 10 patients were detected. In Pune five cases were reported, followed by Hyderabad where three cases were traced. One patient has been detected in Kolkata.

The positive samples are being tested at 10 SARS-CoV-2 Genomics Consortium (INSACOG) labs across India.
According to officials, all these patients have been kept in single room isolation in designated health care facilities by respective local governments.
“Their close contacts have also been put under quarantine. Comprehensive contact tracing has been initiated for co-travellers, family contacts and others,” the ministry said. “Genome sequencing on other specimens is going on.”

The new variant of COVID-19 virus detected in Britain has triggered widespread concern and travel restrictions across the world.
The Indian government last week temporarily suspended flight services from Britain in wake of the new strain of COVID-19 found there. Authorities ordered surveillance of all passengers who travelled from or transited through Britain in the last four weeks prior to the flight ban.

Meanwhile, flights from India to Britain will resume on Wednesday and operations from Britain to India will begin on Friday. Enditem
Photos caption (1,2) Indian health worker taking swab from a woman in New Delhi.
(3,4) People walk around in New Delhi , India .