Connect with us

ASEAN

ဗီယက်နမ်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁) ဦး တွေ့ရှိ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဗီယက်နမ်နိုင်ငံတွင် ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းမှာ ဗြိတိန်မှ ပြန်လာသည့် ဗီယက်နမ်နိုင်ငံသား ဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက် လေယာဉ်ဖြင့် ဗြိတိန်မှ ဗီယက်နမ်သို့ ပြန်ရောက်လာသော အမျိုးသမီးတစ်ဦးသည် အခြားခရီးသည်များနှင့်အတူ သီးခြားခွဲနေကျန်းမာရေးစောင့်ကြည့်၍ ဆေးစစ်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုခံထားရသည်ကို အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း Vietnam Newsက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ဗီဇအစီအစဉ်တွင် ကူးစက်ခံရသူ၏ ကိုရိုနာဗိုင်းရပ်စ်သည် ယခုကာလများအတွင်း ဗြိတိန်မှ သတင်းပို့ထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်နှင့် ထပ်တူဖြစ်ကြောင်း ဟိုချီမင်းမြို့ Pasteur Institute က ယင်းနေ့တွင် အကြောင်းကြားထုတ်ပြန်ခဲ့သည်။ လက်ရှိ ၎င်းလူနာသည် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Tra Vinhပြည်နယ်တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဇန်နဝါရီ ၂ ရက် ညနေပိုင်းအထိ ဗီယက်နမ်တွင် COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၁,၄၈၂) ဦး၊ သေဆုံးသူ စုစုပေါင်း(၃၅)ဦး၊ ရောဂါသက်သာ ပျောက်ကင်းသူ စုစုပေါင်း(၁,၃၃၇)ဦး ရှိကြောင်း သိရသည်။

#Vietnam, #COVID-19, #Variant, #Xinhua, #ဗီယက်နမ်, #ကိုဗစ်-၁၉, #ဗီဇပြောင်း, #ဆင်ဟွာ
——————————————-
(Chinese Version)

(国际疫情)越南发现一例变异新冠病毒感染病例

 新华社河内1月2日电越南卫生部2日发布消息说,该国发现一例英国报告的变异新冠病毒的感染病例,为一名此前从英国入境的越南公民。
《越南新闻报》2日报道说,这名女性2020年12月22日乘飞机由英国飞抵越南,落地后和机上其他旅客一起接受隔离,随后确诊感染新冠。胡志明市巴斯德研究院2日通报,基因测序显示,这名感染者感染的新冠病毒与近期英国报告的变异新冠病毒一致。目前,该患者正在越南南部茶荣省接受治疗。
  据越南卫生部数据,截至当地时间2日傍晚,越南累计确诊新冠病例1482例,累计死亡35例,累计治愈1337例。(完)
图说: 8月8日,越南首都河内的民众戴口罩出行。新华社记者 王迪 摄