ဂျကာတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ ဆယ်ကျော်သက်များအတွက် ပထမဆုံး လူထုကာကွယ်ဆေးထိုးနှံခြင်းကိုဆောင်ရွက်ခဲ့ပြီး အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ကလေးများအား COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ Central Jakarta...
ဘန်ကောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ က Phuket Sandbox ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်း အစီအစဉ်သည် နိုင်ငံတစ်ဝန်း အခြားသော ခရီးသွားနေရာများအတွက် စံနမူနာဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ပြောကြားခဲ့သည်။ ဖူးခက်သည် ကာကွယ်ဆေးထိုးနှံပြီးသား နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက်...
ဒါကာ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိ COVID-19 အခြေအနေအရ ဇူလိုင် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးလော့ခ်ဒေါင်း (lockdown) ဆောင်ရွက်မည်ဖြစ်သဖြင့် ပညာရေးဌာနများ ပိတ်ထားခြင်းကို နောက်ထပ်တစ်လ ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုင်းနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်စသည့် နေရာများ၌ ရောဂါကာကွယ်တားဆီးရေး နည်းလမ်းများကို တစ်ဆင့်တိုး တင်းကျပ်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ကလေးများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်ရန် နှောင့်နှေးခြင်းမရှိဘဲ COVID-19 ကာကွယ်ဆေးထိုးနှံမှု စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။
ဗီယင်ကျန်း ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၌ တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးနှင့်အတူ အသက် ၆၀ ကျော်အရွယ်ပြည်သူများအတွက် COVID-19 ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုအား စတင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း နှင့် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက Sinopharm ကာကွယ်ဆေးနှင့်အတူ ရောဂါအခံရှိသူများနှင့် အသက် ၆၀...
ဂျကာတာ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးကုမ္ပဏီ မှထုတ်လုပ်သော Sinovac ကိုဗစ်ကာကွယ်ဆေး နောက်ထပ် အသစ်တစ်သုတ်သည် အင်ဒိုနီးရှားနိုင်ငံ Soekarno Hatta လေဆိပ်သို့ ဇွန် ၂၀ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင်...
ဟနွိုင်း ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး အသုတ်တစ်သုတ်အား သယ်ဆောင်လာသည့် လေယာဉ်သည် ဇွန် ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ အကျဉ်းရုံးပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို...
ဂျကာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် COVID-19 ဖြစ်ပွားမှု မြင့်တက်နေစဥ်အတွင်း ယခုနှစ်ကုန်ပိုင်းတွင် ကျရောက်မည့် ခရစ္စမတ်အားလပ်ရက်ကို လျှော့ချသတ်မှတ်ခဲ့ပြီးနှင့် အခြားအားလပ်ရက် ၂ ရက်အား ရွှေ့ပြောင်းသတ်မှတ်ခဲ့ကြောင်း အဆင့်မြင့်ဝန်ကြီးတစ်ဦးက ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။ လူသားဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Muhadjir...