Connect with us

CHINA

တရုတ်နိုင်ငံတွင် ဩဂုတ် ၁၆ ရက်က ကိုဗစ် အသစ်ထပ်တိုး အတည်ပြုလူနာ ၂၂ ဦးရှိ၊ အားလုံးမှာ ပြည်ပကူးစက်သူများ ဖြစ် 

တရုတ်နိုင်ငံ ပေကျင်းမြို့၌ COVID-19ရောဂါ စစ်ဆေးမှုပြုလုပ်ပေးနေသည်ကို ဇွန် ၂၄ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဩဂုတ် ၁၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၂ ဦး(ကွမ်တုန်း ၈ ဦး၊ ယူနန် ၄ ဦး၊ ရှန်ဟိုင်း ၃ ဦး ၊ ဆန်ရှီး ၃ ဦး ၊ စီချွမ်း ၂ ဦး ၊ ဖူကျန့် ၁ ဦး၊ ဆန်းတုန်း ၁ ဦး)ရှိရာ အားလုံးမှာ ပြည်ပကူးစက်မှုဖြစ်ကြောင်း  တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဩဂုတ် ၁၇ ရက် ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင် အသစ်ထပ်တိုးသေဆုံးသူမရှိကြောင်းနှင့် ရှန်ဟိုင်းတွင် ပြည်ပမှဝင်ရောက်သူ သံသယလူနာ ၂ ဦး ထပ်တိုးကြောင်း သိရသည်။ ဩဂုတ် ၁၆ ရက်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၂၈ ဦး၊ စောင့်ကြည့်မှုမှ ပယ်ဖျက်ခဲ့သူ ၁,၅၁၇ ဦးရှိပြီး ရောဂါပြင်းထန်သည့်လူနာ အရေအတွက်မှာ ပြီးခဲ့သောရက်ကထက် ၄ ဦး လျော့နည်းသွားကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပကူးစက်မှု အတည်ပြုလူနာ ၂၀၂ ဦး၊ သံသယလူနာ ၄ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၂,၃၀၀ ဦး ၊ ရောဂါပျောက်ကင်း ဆေးရုံးဆင်းသွားသော လူနာ ၂,၀၉၈ ဦးနှင့် သေဆုံးသူ မရှိကြောင်း သိရသည်။ ဩဂုတ် ၁၆ ရက် ၂၄ နာရီအချိန်အထိ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၆၁၂ ဦး(ရောဂါပြင်းထန်လူနာ ၃၀ ဦး ပါဝင်)၊ သံသယလူနာ ၄ ဦး နှင့် စုစုပေါင်းရောဂါ ပျောက်ကင်းဆေးရုံဆင်းသွားသူ ၇၉,၆၀၃ ဦး ၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ဦး ၊ စုစုပေါင်းအတည်ပြုလူနာ ၈၄,၈၄၉ ဦး ရှိကြောင်း သိရသည်။ ရောဂါကူးစက်သူနှင့်အနီးကပ်ထိတွေ့ သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၈၀၆,၆၄၉ ဦးရှိပြီး ဆေးရုံ၌ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၁၉,၂၀၇ ဦး ရှိကြောင်း သိရသည်။ 

အသစ်ထပ်တိုး လက္ခဏာမပြ ရောဂါ ကူးစက်သူ ၃၇ ဦးရှိရာ ၃၆ ဦးမှာ ပြည်ပမှ ဝင်ရောက်ခြင်းဖြစ်ပြီး  ၎င်းတို့အနက် ၁ ဦးမှာ ဩဂုတ် ၁၆ ရက်တွင် အတည်ပြုလူနာဖြစ်ခဲ့ကြောင်း၊ လက်ရှိ ဆေးရုံတွင် ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသူ လက္ခဏာမပြရောဂါကူးစက်သူ ၃၅၁ ဦး ရှိရာ ၂၀၉ ဦးမှာ ပြည်ပမှဝင်ရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ ၅,၀၁၀ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄,၄၈၀ ဦး (ဆေးရုံဆင်းလူနာ ၃,၅၄၉ ဦး၊ သေဆုံးသူ ၆၉ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး(ဆေးရုံဆင်းလူနာ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၄၈၄ ဦး (ဆေးရုံဆင်းလူနာ ၄၅၀ ဦး၊ သေဆုံးသူ ၇ ဦး )ဖြစ်ကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.