Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၄၆ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၄,၄၀၆ ဦးထိ ရှိလာ 

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ဩဂုတ် ၁၅ ရက် ၀၀:၀၀ နာရီ အထိ COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၄၆ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၄,၄၀၆ ဦး ထိ ရှိရောက်ရှိလာခဲ့ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ကျန်းမာရေးဌာန ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေး စင်တာ(CHP)က ယင်းနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။ 

အသစ်ကူးစက်သူများအနက် ၃၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၇ ဦးသည် ပြည်ပမှဝင်‌ရောက်လာခြင်း ဖြစ်ကြောင်း   သိရသည်။ ယင်းနေ့တွင် အသစ်ထပ်တိုးသည့် ပြည်တွင်းကူးစက်မှုတွင် ၁၂ ဦး၏ ကူးစက်ပုံကို လက်ရှိ ခြေရာမကောက်နိုင်သေးကြောင်း၊ ကျန် ၂၇ ဦးသည် ယခင် ရောဂါကူးစက်ခံရသူများနှင့် ဆက်စပ်ကြောင်း ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးစင်တာ (CHP) ညွှန်ကြားရေးမှူး ကျန်းကျူကျွင်းက ဆိုသည်။

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၏ မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ဆေးရုံစီမံခန့်ခွဲရေးဌာန  အုပ်ချုပ်ရေးမှူး  ယွီဟွေ့လျင်၏ ပြောကြားချက်အရ ဩဂုတ် ၁၅ ရက် နံနက် ၉ နာရီအထိ ဆိုလျှင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၇ ဦး၊  ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၉၆ ဦး ရှိရာ စုစုပေါင်း အတည်ပြု လူနာ ၃,၄၈၇ ဦးနှင့် သံသယလူနာ ၁ ဦး ဆေးရုံးခွင့်ရရှိခဲ့ကြောင်း သိရသည်။ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၇၈၀ ဦး ရှိရာ ၎င်းတို့အနက် အသက်အန္တရာယ်ရှိသူ ၂၇ ဦး၊ ရောဂါပြင်းထန်သူ ၄၇ ဦးရှိပြီး ကျန်သူများမှာ   ရောဂါအခြေအနေတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ (Xinhua)