Connect with us

CHINA

တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ရေးနည်းလမ်း က တစ်နေ့တစ်ခြား ပိုမို တည်ငြိမ်လာ 

တရုတ် နိုင်ငံ တာ့လျန် မြို့ ရှိ ပြည်သူများက COVID-19 ရောဂါ စစ်ဆေးမှုခံယူရန် တန်းစီ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

တာ့လျန် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ လျောင်နင် ပြည်နယ် တာ့လျန် မြို့ သည် သြဂုတ် ၁၆ ရက်က ကန်းကျင်ကျစ် ဒေသ တာ့လျန်ဝမ်း လမ်းပိုင်း အား အန္တရာယ် နည်းပါးသည့် ဒေသ အဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့သလို တာ့လျန် မြို့ အတွင်း ရှိ အလယ်အလတ် နှင့် မြင့်မား စွာ အန္တရာယ် ရှိသည့် ဒေသ များကိုလည်း အန္တရာယ် နည်းပါးသည့် ဒေသ အဖြစ် ပြောင်း လဲသတ်မှတ် ခဲ့သည် ။

၎င်းမြို့သည် သြဂုတ် ၁၇ ရက် တွင် ဘက်စုံ ပုံမှန်သွားလာလှုပ်ရှားမှု ပြန်လည်ပြုလုပ် ခဲ့ပြီး ရုပ်ရှင်ရုံ ၊ စာအုပ်ဆိုင် ၊ လေ့ကျင့်ရေးခန်း နှင့် ပြတိုက် စသော ဝန်ဆောင်မှု ပေးသည့် နေရာများ စွာ ပြန်လည် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၂ ရက်က တာ့လျန် မြို့ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ပြန်လည် တွေ့ရှိခဲ့ပြီး နောက် အချို့လမ်းပိုင်းများ နှင့် ရက်ကွက်များ ကို ပိတ်ထား ခဲ့သည်။ ထိုသို့ပြုလုပ်ပြီး ၂၅ ရက် အကြာ တွင် အန္တရာယ် နည်းပါးသည့် ဒေသ အဖြစ် ပြန်လည်ပြောင်းလဲ သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။ တာ့လျန် မြို့သည် လူဦးရေ ၇ သန်း နေထိုင်သည့်  မြို့ကြီး ဖြစ်ပြီး ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်း က တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ချက်သည်  တစ်နေ့တစ်ခြား ပိုမို ရင့်ကျက် တည်ငြိမ်လာသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ 

တာ့လျန်မြို့ ပြည်သူ့အစိုးရ အတွင်းရေးမှူး ရီးချင့်သောက် က သြဂုတ် ၁၆ ရက် ၌ တာ့လျန်မြို့ အနေဖြင့် ယခု အကြိမ် ကပ်ရောဂါ ကူးစက်မှု တွင် သေဆုံးသူလုံးဝမရှိကြောင်း ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ကူးစက်ခံရမှု လုံးဝမရှိကြောင်း နှင့်  ဆေးရုံဆင်းပြီးသည့် လူနာ ဆေးရုံပြန်တက်ရခြင်းလည်း လုံးဝမရှိ အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ က နှစ်ဆန်းပိုင်း အချိန်တွင် ကပ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ မလုံလောက်မှု ဖြစ်ပွား ခဲ့ပြီးနောက် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှု အား များစွာ မြှင့်တင်ခဲ့ပြီး ဆေးရုံ များ ၏ ကုသနိုင်မှု စွမ်းရည် နှင့် လူနာ လက်ခံနိုင်မှု စွမ်းရည် ကိုလည်း လုံးဝ ပြောင်းလဲခဲ့ကြောင်း ၊ တာ့လျန် မြို့ တွင် COVID-19 ရောဂါ လူနာ လက်ခံသည့် အမှတ် (၆) ပြည်သူ့ဆေးရုံကို ကုတင် ၅၂၇ ခု ဝင်ဆံ့သည်အထိ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တာ့လျန်မြို့ စီးပွားရေး လုပ်ငန်း ဌာန ဒုတိယ ဌာနမှူး လီရန်ဖုန်း က လက်ရှိတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ကာကွယ်ရေးသည်လည်း အာမခံချက် ရရှိခဲ့ပြီးဖြစ်ကြောင်း ၊  ဇူလိုင် ၂၂ ရက် မှ သြဂုတ် ၉ ရက် အထိ တာ့လျန် မြို့ရှိ ဌာန အသီးသီး နှင့် သက်ဆိုင်ရာ ဒေသ များကို အရေးပေါ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများစွာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၊ နှာခေါင်းစည်း ၁ ဒသမ ၅၅၆ သန်း ၊ လက်အိတ် ၂၈၈,၀၀၀ စုံ ၊ ကာကွယ်ရေး ဝတ်စုံ ၃၁၄,၀၀၀ စုံ ၊ မျက်စိကာကွယ်ရေး မျက်မှန် ၂၇,၀၀၀ ခုကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မတီ ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာန ဒုတိယ ဌာနမှူး ရှောင်ရာဟွေ က ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်း လုံလောက်မှု ရှိခြင်း က လွန်စွာ အရေးပါကြောင်း ၊ ထို့ပြင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း သင့်လျော်သည့် လုပ်ငန်း တာဝန် ကိုသာ ဆောင်ရွက်ပြီး အလှည့်ကျ လုပ်ငန်း တာဝန် ဆောင်ရွက်မှု ပြုလုပ်မှသာ ကျန်းမာရေး ဝန်ထမ်းများ၏ လုံခြုံမှု ကို အာမခံ ချက် ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှောင်ရာဟွေ က ရောဂါ စစ်ဆေးမှု နှုန်း ကို မြှင့်တင်နိုင်ရန် အတွက် နည်းပညာသစ် များကို အသုံးပြု ခဲ့ပြီး ဇူလိုင် ၂၂ ရက် ၌ တာ့လျန် မြို့ တွင် ရောဂါ ကူးစက်ခံရသူ ပြန်လည်တွေ့ရှိခဲ့ချိန် ၌ “10+1 ရောထွေး ကောက်ယူမှု” နည်းပညာ ကို အသုံးပြုခဲ့ပြီး ရောဂါ စစ်ဆေးနိုင်မှု စွမ်းရည် အား ၃ ရက် အတွင်း နေ့စဉ် တစ်သန်းကျော် စစ်ဆေးနိုင်အောင် ဆောင်ရွက် နိုင်ခဲ့ကြောင်းနှင့် စုစုပေါင်း ပြည်သူ ၇ ဒသမ ၃၃၁ သန်းကို ရောဂါ စစ်ဆေးပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

တာ့လျန် မြို့ ၌ ရောဂါ ကူးစက်ခံရသူ ပြန်လည်တွေ့ရှိခဲ့ပြီးနောက် တွင် တရုတ် နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မတီ က ပညာရှင် ၄၅ ဦး ပါဝင်သည့် ပညာရှင် အဖွဲ့ အား စေလွှတ် ခဲ့ပြီး လျောင်နင် ပြည်နယ် နှင့် အခြားကို ညီအကို မြို့ ၁၃ မြို့ သို့လည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့ ၁၇ ဖွဲ့ စေလွှတ်ပေးခဲ့ရာ စုစုပေါင်း ဝန်ထမ်း ၃၆၃ ဦး ပါဝင်ကြောင်း ၊ ၎င်းတို့သည် တာ့လျန် မြို့ ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၆ သောင်းကျော် နှင့် အတူတကွ လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ဘက်စုံရောဂါ စစ်ဆေးမှု သိပ္ပံနည်းပညာဆိုင်ရာ ဆွေးနွေးမှု ၊ ဆေးဝါးကုသမှု နှင့် ရောဂါ ထိန်းချုပ်မှု စသည့် လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တာ့လျန်မြို့ ကျန်းမာရေး ကော်မတီ ဒုတိယ ဌာနမှူး ကျောက်လျန် က COVID-19 ရောဂါ စစ်ဆေးမှု အား ဘက်စုံ ဆောင်ရွက်ခဲ့ခြင်း သည် တာ့လျန်မြို့ အနေဖြင့် ကပ်ရောဂါ အား တိကျစွာ ထိန်းချုပ် နိုင်ရန် အတွက် အကျိုးရှိကြောင်း ၊ ပြည်သူများ၏ ကျန်မာရေး အတွက် ထိန်းသိမ်းပေးခြင်းဖြင့် ရောဂါ ကူးစက်ခံရသူများအား ဆောလျင်စွာ စစ်ဆေးတွေ့ရှိနိုင်ကြောင်း  ၊ ရောဂါ ပြန့်ပွားမှု ကို လျှော့ချ နိုင်ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းက ကပ်ရောဂါ ၏ အလားအလာ ကို တိကျစွာ ခန့်မှန်း နိုင်ပြီး စီးပွားရေး နှင့် လူမှုရေး အပေါ် ဖြစ်ပွားသည့် သက်ရောက်မှုကိုလည်း အနည်းဆုံး သို့ လျှော့ချ နိုင်ကြောင်း ပြောကြား ခဲ့သည်။

ယခု တစ်ကြိမ် ရောဂါ ကူးစက်ခံရသူတစ်ဦးဖြစ်သည့် တာ့လျန်ခိုင်ရန်သည် နိုင်ငံတကာ ပင်လယ်စာ လုပ်ငန်း ကုမ္ပဏီ မှ ဝန်ထမ်း တစ်ဦး ဖြစ်သည်။ တာ့လျန်မြို့ ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကျော်ဝေ က ယခုအကြိမ် ကပ်ရောဂါ သည် အဓိက အားဖြင့် ပင်လယ်စာ ထုတ်လုပ်သည့် စက်ရုံနှင့် လူစုဝေးသည့် နေရာမျိုးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်းထူးခြားချက်ပေါ် မူတည်၍ တာ့လျန်မြို့ က ပင်လယ်စာ သယ်ယူပို့ဆောင်သည့် လမ်းကြောင်း တစ်လျှောက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုများ ပြည်လုပ်ခဲ့ပြီး မြို့အတွင်း ပင်လယ်စာ လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်း ၈၉၃ ခု နှင့် သယ်ယူပို့ဆောင်ရာ တွင် အသုံးပြုသည့် ကာ ၅,၉၀၅ စီး ကို စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြောင်း ၊ ရောဂါ တွေ့ရှိခဲ့သော စက်ရုံ ရှိ ဝန်ထမ်း အားလုံး ကို ကိုယ်ခံအား ထွက်ပေါ်လာခြင်း ရှိမရှိ နှင့် ၃ ရက် တစ်ကြိမ် COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

တာ့လျန်မြို့သည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်စဉ်နေစဉ်မှာပင် တာ့လျန်မြို့ မှ ထွက်ခွာသွားသည့် ရောဂါ ကူးစက်ခံရသူ နှင့် ထိတွေ့ခဲ့သူများ ၏ အချက်အလက်အားလုံးကို သက်ဆိုင်ရာ ဌာန များသို့ အကြောင်းကြား ခဲ့ပြီး ကူးစက်ခံရသူ ၁၁၈ ဦးနှင့် ထိတွေ့ဆက်နွယ်မှု ၊ ကွင်းဆက်များ အားလုံးကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တာ့လျန်မြို့ ပြည်သူ့အစိုးရ အတွင်းရေးမှူး ရီးချင့်သောက် က တာ့လျန်မြို့ အနေဖြင့် အများပြည်သူ ကျန်းမာရေး စနစ် အတွက် ရဲတပ်ဖွဲ့ အပါအဝင် အများပြည်သူ ဝန်ဆောင်မှု စနစ် တို့နှင့်ပေါင်းစပ် ကာ ရိုးရာ ကူးစက်ရောဂါ စုံစမ်းစစ်ဆေးသည့် နည်းလမ်းကို အသုံးပြု၍  ဗီဒီယို ၊ စာရင်းအချက်အလက် စုဆောင်းမှု ၊ ရဲတပ်ဖွဲ့ ထံမှ အချက်များ စသည်ဖြင့် ခေတ်သစ် နည်းပညာ များ နှင့် ပေါင်းစပ်ဆောင်ရွက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပိုမို ပြည့်ဝ သည့် ကာကွယ်ရေး ပစ္စည်း ၊ ပိုမိုအားကောင်းသော စစ်ဆေးမှု ၊ ပိုမို သိပ္ပံနည်းကျ သည့် ခြေရာခံမှု စသည့် ထိရောက်သော အတွေ့အကြုံများသည် တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ပိုမို တည်ငြိမ်ရင့်ကျက် လာစေခဲ့ကြောင်း သိရသည်။  (Xinhua)