CHINA
ပေကျင်းမြို့၏ ကူးစက်ရောဂါ အခြေအနေက ထိန်းချုပ်နိုင်ပြီဟု ပညာရှင်ပြောကြား

ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကူးစက်ရောဂါ အခြေအနေအား ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း ရောဂါဖြစ်ပွားမှုအသစ် အရေအတွက် လျော့ကျသွားနိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းပညာရှင် အကြီးအကဲ ဝူကျွန်းရိုက ဇွန် ၁၈ ရက်တွင် ပြောခဲ့သည်။
ပေကျင်းမြို့တွင် ရောဂါဖြစ်ပွားသူ အတည်ပြုလူနာအသစ်များ နေ့စဉ်ရှိနေသည်ဆိုသော်လည်း ၎င်းတို့အားလုံးမှာ အသစ်ကူးစက်ခံထားရသည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ဝူက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပေကျင်းတွင် ဇွန် ၁၇ ရက်က ဖော်ပြခဲ့သည့် ရောဂါဖြစ်ပွားသူ ၂၁ ဦးသည် အကြမ်းဖျဉ်းအားဖြင့် ဇွန် ၁၂ ရက်က ရောဂါကူးစက်ခံထားရသူများ ဖြစ်ကြောင်း ဝူက ဆိုသည်။
နောက်ထပ်ရောဂါဖြစ်ပွားမှုများသည်လည်း လာမည့်နေ့ရက်များတွင် တွေ့ရှိနိုင်ဖွယ်ရှိကြောင်း၊ သို့သော် အရေအတွက်များမှာ တဖြည်းဖြည်းလျော့ကျသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)