Connect with us

CHINA

တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာ လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန် ပြော

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံ ဗိုရာချစ်တို့ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနှင့် သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

လာအို ပြည်သူ့လွတ်မြောက်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် လာအိုနိုင်ငံသမ္မတ ဘွန်ညံ ဗိုရာချစ် (Bounnhang Vorachith) နှင့် ဆက်သွယ်ပြောကြားစဉ် ရှီက တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ပူးတွဲအားထုတ်မှုများဖြင့် နောက်ဆုံးတွင် ကူးစက်ရောဂါ တိုက်ဖျက်ရေး တိုက်ပွဲကို အသေအချာ အောင်ပွဲရနိုင်မည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။

ဘွန်ညံထံမှ ရင်းနှီးနွေးထွေးသော သဝဏ်လွာထဲ၌ တရုတ်နိုင်ငံ၏ အကူအညီများက လာအိုနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို သိရှိခဲ့ရကြောင်း ရှီက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ ၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ရှီက ဘွန်ညံ ခေါင်းဆောင်သော LPRP ဗဟိုကော်မတီ၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး၌ လာအိုနိုင်ငံသည် ကနဦးအောင်မြင်မှု ရရှိသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အရေးကြီးကြောင်း၊ ဘွန်ညံနှင့်အတူ နှစ်နိုင်ငံ ရရှိထားသော အရေးပါသည့် သဘောတူညီချက်ကို ခိုင်မာစွာ အကောင်အထည်ဖော်ခြင်းအတွက် တွန်းအားပေးရေး လုပ်ဆောင်သွားရန် အသင့်ရှိကြောင်းနှင့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဖန်တီးပေးနိုင်ရန် တရုတ်-လာအို အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို တည်ငြိမ်စွာ ရှေ့ဆက်လုပ်ဆောင်သွားရန် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.