Connect with us

CHINA

ပေကျင်းမြို့၌ COVID-19 ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများ တိုးမြင့် လုပ်ဆောင်နေ

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ပြီးခဲ့သော ရက်အနည်းငယ်က ကူးစက်မှုအသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ယခုအခါ တစ်ရက်လျှင် နမူနာ စစ်ဆေးမှုပေါင်း ၉၀,၀၀၀ ကျော်ဖြင့် မြို့ခံများအား COVID-19 ရောဂါကူးစက်ခံထားရခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများ တိုးမြင့်လုပ်ဆောင် ပေးလျက်ရှိကြောင်း  သိရသည်။

ပေးကျင်းမြို့တော် ဖန်တိုင်း(Fengtai) ခရိုင်ရှိ သစ်သီး ၊ ဟင်းသီးဟင်းရွက် နှင့် သားငါး လက်ကားဈေးကြီးတစ်ခုဖြစ်သော Xinfadi ဈေးသို့ သွားရောက်ခဲ့သူများအား ဆေးစစ်မှုများ လုပ်ဆောင်ပေးခဲ့သည့်အပြင် အနီးအနားရပ်ကွက်နေ ပြည်သူများကိုလည်း ရောဂါကူးစက်ခံထားရခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း နှင့် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင် ထိန်းချုပ်ရေးအပိုင်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းမြို့တော် နေရာအနှံ့အပြားတွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးမှု ပြုလုပ်ပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ စမ်းသပ်မှုများအပြင် ပေကျင်းမြို့တော် အာဏာပိုင်များက တင်းကျပ်သော ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို လူမှုအသိုက်အဝန်းများအကြား တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Xinfadi ဈေးအနီးပတ်ဝန်းကျင်ရှိ စုစုပေါင်း လူနေရပ်ကွက် ၂၁ ခု နှင့် မကြာသေးမီက ရောဂါကူးစက်မှုရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည့် Haidian ခရိုင်အတွင်းရှိ Yuquandong ဈေးကြီးကိုလည်း တင်းကျပ်သော ပိတ်ဆို့မှုများ လုပ်ဆောင်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)