Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး နံဘေးတွင် ဖွင့်လှစ်ထားသည့် လက်လီဆိုင်၌ ဟင်းသီးဟင်းရွက်ဝယ်ယူနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အသားများ ရောင်းချသော လက်ကားဈေးကြီးတစ်ခုဖြစ်သည့် ရှင်းဖားတိဈေးတွင် COVID-19 လူအစုလိုက်တွေ့ရှိမှုနှင့် ပတ်သက်၍ ၎င်းဈေးအားနှစ်လကြာ ပိတ်ထားခဲ့ရာမှ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဈေးသည် စက်တင်ဘာ ၁၀ ရက်တွင် အပြည့်အဝလည်ပတ်မည်ဖြစ်ကြောင်း ဈေးကြီးတည်ရှိရာ ဖုန်းထိုင်ခရိုင် အမှုဆောင် ဒုတိယ အကြီးအကဲ ကျိုးရှင်ချွန်းက ပြောခဲ့သည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး နံဘေးတွင် ဖွင့်လှစ်ထားသည့် လက်လီဆိုင်၌ ဟင်းသီးဟင်းရွက်ဝယ်ယူနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး နံဘေးတွင် ဖွင့်လှစ်ထားသည့် လက်လီဆိုင်၌ ဟင်းသီးဟင်းရွက်ဝယ်ယူနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရှင်းဖားတိဈေးသည် ဇွန် ၁၃ ရက်တွင် ဈေးကြီးမပိတ်မီက ပေကျင်းမြို့၏ ဟင်းသီးဟင်းရွက် ၇၀ ရာခိုင်နှုန်း၊ ဝက်သား ၁၀ ရာခိုင်နှုန်းနှင့် အမဲသားနှင့် သိုးသား ၃ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

ဈေးကြီးပြန်လည်ဖွင့်လှစ်ပြီးနောက် လက်လီစီးပွားရေးလုပ်ငန်းများကို ရပ်နားထားသလို တစ်ဦးချင်းဝယ်ယူသူများကိုလည်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ရောင်းသူဝယ်သူများအားလုံးအနေဖြင့် ဈေးအတွင်းမဝင်ရောက်မီ နာမည်အစစ်အမှန်ကို အပြည့်အစုံဖြည့်သွင်းရန်လိုအပ်ကြောင်း ကျိုးက ဆိုသည်။  

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိလက်ကားဈေးကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အနီးဝန်းကျင်ရှိ ဒေသခံများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လက်ကားဈေးကြီး၏ အပြင်ဘက်တွင် ၁,၀၀၀  စတုရန်မီတာရှိသော ဟင်းသီးဟင်းရွက်လက်လီဈေးတစ်ခုကိုလည်း ဖွင့်လှစ်ပေးထားခဲ့သည်။

ဇွန် ၁၁ ရက်က ရှင်းဖားတိ လက်ကားဈေးကြီးတွင် အစုလိုက် COVID-19 ရောဂါတွေ့ရှိမှုကြောင့် အတည်ပြုလူနာ ၃၃၅ ဦးရှိခဲ့ပြီး ဩဂုတ် ၆ ရက်တွင်မူ ၎င်းလူနာများအားလုံး ရောဂါမှသက်သာ၍ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။  (Xinhua)