CHINA
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၈၀ ဦးရှိ

ဟောင်ကောင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဩဂုတ် ၃ ရက် ၀၀:၀၀ နာရီအထိ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၈၀ ဦး ရှိရာ အားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ယင်းနေ့တွင် ပြောကြားခဲ့သည်။
လက်ရှိအချိန်ထိ ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၃,၅၈၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)