Connect with us

CHINA

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၈၀ ဦးရှိ 

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ မြင်ကွင်းတစ်နေရာအား ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်  ဩဂုတ် ၃ ရက် ၀၀:၀၀ နာရီအထိ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၈၀ ဦး ရှိရာ အားလုံးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ  ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုစင်တာက ယင်းနေ့တွင်  ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါအတည်ပြုလူနာ စုစုပေါင်း ၃,၅၈၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။  (Xinhua)