Connect with us

CHINA

ပီရူးနိုင်ငံတွင် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှု စတင်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinopharm ၏ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွင် COVID-19 ကာကွယ်ဆေး (inactivated vaccine) နမူနာပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေး (inactivated vaccine) သည် ပီရူးနိုင်ငံတွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်နေပြီဖြစ်ကြောင်း Sinopharm ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ကာကွယ်ဆေးထုတ်လုပ်သူ China National Biotec Group (CNBG) က ပြောကြားခဲ့သည်။ 

အဆိုပါ လက်တွေ့စမ်းသပ်မှု တတိယအဆင့် စတင်ကြောင်း အခမ်းအနားကို ပေကျင်းမြို့တွင် ဩဂုတ် ၂၀ ရက်က ပြုလုပ်ခဲ့ပြီး CNBG က ပီရူးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ လက်တွေ့စမ်းသပ်မှုများပြုလုပ်ရန် ခွင့်ပြုချက်လက်မှတ် ရရှိခဲ့ကြောင်း သိရသည်။ 

ယင်းသည် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ထုတ်လုပ်မှုတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တွင် အဆိုပါ COVID-19 ကာကွယ်ဆေးသည် တတိယအဆင့် လက်တွေ့စမ်းသပ်မှုများအတွက် ဇွန် ၂၃ ရက်က ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။ 

ပီရူးနိုင်ငံတွင် ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှုများကို CNBG နှင့် ပီရူးနိုင်ငံရှိ Cayetano Heredia တက္ကသိုလ်နှင့် San Marcos အမျိုးသားတက္ကသိုလ်မှ ကျွမ်းကျင်သူများက ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်။ 

ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု တတိယအဆင့်သည် ချောချောမွေ့မွေ့ တိုးတက်လျက်ရှိကြောင်း Sinopharm ဥက္ကဋ္ဌ Liu Jingzhen က ပြောသည်။ ယင်းကာကွယ်ဆေးသည် ယူအေးအီးနှင့် ဘာရိန်းနိုင်ငံတို့တွင် လက်တွေ့စမ်းသပ်မှု တတိယအဆင့် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှု၊ နိုင်ငံများနှင့် ကာကွယ်ဆေးထိုးနှံသူ အရေအတွက်တွင်လည်း အောင်မြင်မှုရရှိနေကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.